ပရိသတ်တွေချစ်တဲ့ မင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ မေမြင့်မိုရ်ကတော့ အနုပညာအလုပ်တွေကို မနာတမ်းဆောင်ရွက်နေတဲ့ အနုပညာရှင်တစ်ဦးပါ။ မကြာခင်ကမှ “ပုဂံမြို့သူ”ဇာတ်လမ်းတွဲကို နာမည်ကျော် အနုပညာရှင်တွေနဲ့အတူ ရိုက်ကူးခဲ့တဲ့ မင်းသမီးချောလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

မေမြင့်မိုရ်ကတော့ ဖေဖေါ်ဝါရီလ (၂)ရက်နေ့မှာ အလုပ်ကိစ္စနဲ့ ဆိုလ်းမြို့ကို ခရီးထွက်သွားခဲ့ပြီး ကိုရီးယားရဲ့ အအေးဒဏ်ကို အံတုရင်း ဓါတ်ပုံလှလှလေးတွေလည်း ရိုက်ထားပါသေးတယ်။ ဒါ့အပြင် ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ရုပ်သံလွှင့် ဌာနတစ်ခုဖြစ်တဲ့ KBS ကိုလည်း သွားရောက်လေ့လာခဲ့ပါသေးတယ်တဲ့။

KBS ကိုတော့ ကိုရီးယားဒါရိုက်တာ Ban Jae Hong နဲ့ အတူ အလုပ်ကိစ္စနဲ့လည်း ဆက်စပ်နေလို့ သွားရောက်လေ့လာဖြစ်ခဲ့တာလို့ ဆိုပါတယ်။ မေမြင့်မိုရ်ကလည်း ကိုရီးယား ဒရာမာစီးရီးတွေရဲ့ ပရိသတ်တစ်ယောက်ပါပဲတဲ့နော်။

Source: May Myint Mo