“အရိပ်”တီဗွီစီးရီးနဲ့ ပရိသတ်တွေ အားပေးမှုတွေကို တခဲနက်ရရှိနေတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ မေမြင့်မိုရ်ကတော့ ဖေစ်ဘုတ်ပေါ်မှာ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို အစဉ်မပြတ်တင်ပေးတတ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ လတ်တလောမှာလည်း သရုပ်ဆောင် အောင်မင်းခန့်နဲ့အတူ ရိုက်ကူးရေးတစ်ခုပြုလုပ်နေပြီး ရိုက်ကွင်းက ဓါတ်ပုံလေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားပါတယ်။ မေမြင့်မိုရ်ကတော့ ဆရာမ ယူနီဖောင်းလေးနဲ့ အရမ်းကို ချစ်စရာကောင်းနေတဲ့ သူမရဲ့ ဓါတ်ပုံလေးတွေကို တင်ပြီး “ဒီနှစ်ယောက်ကိုချစ်ပြီးအားပေးတဲ့သူ ဘယ်နှစ်ယောက်ရှိ…?”လို့ ပရိသတ်တွေကို မေးခွန်းလေး မေးထားတာဖြစ်ပါတယ်။

မေမြင့်မိုရ်နဲ့ အောင်မင်းခန့်ကို ချစ်တဲ့ ပရိသတ်တွေအတွက် သူတို့နှစ်ဦးရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။  ပရိသတ်တွေလည်း သူတို့နှစ်ဦးရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးလိုက်ကြပါဦးနော်။

Source: May Myint Mo