ပန်းနုသွေးဆိုတဲ့ ဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိလာသူတစ်ယောက်ဖြစ်တဲ့ မေမြင့်မိုရ်ကတော့ လတ်တလောမှာ အရိပ်ဇာတ်ကားနဲ့လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

မေမြင့်မိုရ်ဟာ ဒီနေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့အတွက် မွေးနေ့အကြိုအလှူလေးအဖြစ် တောင်ကြီးမြို့ရှိ မူလမင်းကွန်းကျောင်းတိုက်မှာ မိဘမဲ့ ကျောင်းသားလေး (၂၄) ယောက်အတွက် ရှင်ပြုအလှူမင်္ဂလာ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေနဲ့အတူ မွေးနေ့အကြိုအလှူပွဲလေးကို ပြုလုပ်ခဲ့တာပါ။

သဒ္ဓါတရားထက်သန်စွာနဲ့ လိုအပ်သူတွေအတွက် အလှူပြုပေးခဲ့တဲ့ မေမြင့်မိုရ်ရဲ့ မွေးနေ့အကြိုအလှူလေးကိုတော့ ပရိသတ်တွေအားလုံးကလည်း ကြည်နူးပီတိဖြာနေကြပါတယ်။ အလှူအတန်းရက်ရောတဲ့ မေမြင့်မိုရ်လေး အနုပညာလောကမှာ ပိုပြီးအောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: May Myint Mo