“အရိပ်”ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ပြီးနောက် ပရိသတ်တွေ ပိုပိုတိုးပြီး ရရှိလာတဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ မေမြင့်မိုရ်ကတော့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေတတ်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူမကတော့ နေ့စဉ်လှုပ်ရှားမှုလေးတွေကိုလည်း ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ အမြဲတွေ့ရတတ်တဲ့ မေမြင့်မိုရ်ကတော့ ဒီကနေ့မှာ ပရိသတ်တွေကို အမြင်ဆန်းသွားစေမယ့် ဓါတ်ပုံလေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားပါသေးတယ်။ ခပ်လန်းလန်း ပုံရိပ်လေးတွေနဲ့ မိုက်နေတဲ့ မေမြင့်မိုရ်ကတော့ “လေထဲဆောက်ခဲ့တဲ့ တိုက်အိမ်နဲ့တိမ်ပေါ်မှာရေးမိတဲ့ပန်းချီကားတစ်ချပ် အိပ်မက်လိုပဲ နိုးထချိန်ပျောက်ကွယ်….” လို့ရေးထားပြီး ဓါတ်ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။

မေမြင့်မိုရ်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ မေမြင့်မိုရ်ရဲ့ အသစ်သစ်သော အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော်။

Source: MAy Myint Mo