ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိလာတဲ့ မင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ မေမြင့်မိုရ်ကတော့ မကြာခင်မှာ ကျရောက်လာတော့မယ့် သူမရဲ့ မွေးနေ့အတွက် ဖခင်ဖြစ်သူထံကနေ မွေးနေ့အကြိုလက်ဆောင်ရရှိခဲ့တဲ့ အကြောင်းကို သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ပြီး ပြောပြထားတာဖြစ်ပါတယ်။

မေမြင့်မိုရ်ရဲ့ မွေးနေ့ကတော့ မေလ၁၁ရက်နေ့မှာ ကျရောက်မှာဖြစ်ပြီး မေမြင့်မိုရ်ကတော့ သူမရဲ့ ဖခင်ဆီကနေ Mercedes-Benzကို မွေးနေ့အကြိုလက်ဆောင်အဖြစ်ရရှိခဲ့တာဖြစ်ပါတယ်။ မေမြင့်မိုရ်ကတော့ သူမငယ်စဉ်ကတည်းကနေ အခုအချိန်အထိ ကျွေးမွေးစောင့်ရှောက်ပြီး လိုအပ်သမျှကို ဖြည့်ဆည်းပေးခဲ့တဲ့ သူမရဲ့ မိဘတွေကို ကျေးဇူးတင်တဲ့အကြောင်းလေးကိုလည်း ဖေစ်ဘုတ်ပေါ်မှာ အခုလိုပဲရေးသားထားတာဖြစ်ပါတယ်။

မေလရဲ့ မွေးနေ့ရှင်လေး မေမြင့်မိုရ်ပါဝင်သရုပ်ဆောင်ထားတဲ့ အရိပ်ဆိုတဲ့ ဇာတ်ကားကလည်း မကြာမှီပရိသတ်တွေရှေ့ကိုရောက်လာတော့မှာ ဖြစ်လို့ အားပေးလိုက်ပါဦးနော်။

Source: May Myint  Mo