ရုပ်ရှင်ဇာတ်လမ်းတွဲတွေကနေ တစ်ဆင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိလာတဲ့ မင်းသမီးလေး မေမြင့်မိုရ်နဲ့ မောင်ဖြစ်သူ မင်းသား သျှင်းမြတ်တို့ကတော့ သူတို့ရဲ့ မအားမလပ်တဲ့ အနုပညာအချိန်ဇယားတွေကြားထဲကနေ ကောင်းမှုကုသိုလ်လေးတစ်ခုပြုလုပ်ခဲ့ပါတယ်။

ဧပြီလ ၂၃ ရက်နေ့မှာတော မေမြင့်မိုရ်တို့ မောင်နှမနှစ်ယောက်ဟာ ရန်ကုန်မြို့ နာရေးကူညီမှုအသင်းမှာ တစ်နေ့တာ လုပ်အားပေးခဲ့ပြီး ကိုယ်တိုင်နိဗ္ဗာန်ယာဉ်မောင်းနှင်ကာ နာရေးလမ်းကြောင်းကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အမြဲအတွဲညီတဲ့ မောင်နှမ နှစ်ယောက်ကတော့ စိတ်ရောကိုယ်ပါ နှစ်ပြီး ကူညီပေးခဲ့ကြတယ်ဆိုတာ ဓါတ်ပုံတွေမှာ ကြည့်ရင်သိနိုင်ပါတယ်။

စိတ်ထားလှတဲ့ မောင်နှမတွေကို ကြည့်ပြီးတော့ ပရိသတ်တွေက အရမ်းပဲ ပီတိဖြစ်ပြီး သေဘာကျနေကြပါတယ်။

သတင်းအရင်းအမြစ်- နာရေးကူညီမှုအသင်း