ရုပ်ရှင်ပရိသတ်တွေရဲ့ ချစ်ရတဲ့ မင်းသမီးချောတစ်ဦးဖြစ်တဲ့ မေကဗျာကတော့ နှင်းဆီရင်ခွင် အငြိမ့်ပွဲတွေမှာလည်း ကပြဖျော်ဖြေလျက်ရှိတဲ့ နာမည်ကျော် အနုပညာရှင်တစ်ဦီးလည်းဖြစ်ပါတယ်။ သူမကတော့ Single Mother တစ်ဦးလည်း ဖြစ်ပြီး ဘဝကို ရဲရဲရင့်ရင့်နဲ့ ရှင်သန်နေတဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။

အမြဲပျိုမြစ်တဲ့အလှကို ပိုင်ဆိုင်ထားတဲ့သူတစ်ဦးလို့ ဆိုရလောက်အောင် ငယ်ရုပ်မပြောင်းပဲ လှနေတဲ့ မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာ ကမ်းခြေတစ်ခုကို ရောက်ရှိနေတာဖြစ်ပြီး ကမ်းခြေက အလှဓါတ်ပုံလေးတွေကို သူရဲ့ ဖေ့စ်ဘုတ်မှာတင်ထားတာဖြစ်ပါတယ်။ ဒီဓါတ်ပုံလေးတွေကြည့်လိုက်ရင်တော့ မေကဗျာဟာ မပြောင်းလဲတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူဆိုတာ ပိုသေချာသွားပါလိမ့်မယ်နော်။

Source: May Kapyar