ပရိသတ်တွေအတွက် အမိုက်စားသီချင်တွေနဲ့ ဖျော်ဖြေတင်ဆက်ပေးလေ့ရှိတဲ့ အဆိုတော်မေရီကတော့ “ဝဲ” ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စား အားပေးမှုတွေကို ရရှိလာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မေရီကတော့ ဖေစ်ဘုတ်ပေါ်မှာ သိပ်ပြီးတွေ့ရလေ့ မရှိတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

မေရီကတော့ ဒီကနေ့မှာ ပရိသတ်တွေအတွက် ဖေ့စ်ဘုတ်ပေါ်ကို ပြန်လည်ရောက်ရှိလာပါပြီ။ သူမကတော့ မြန်မာဝတ်စုံလေးတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ အလှဓါတ်ပုံလေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။ မေရီကတော့ သူမကို မျှော်နေကြတဲ့ ပရိသတ်တွေအတွက် “ဓာတ်ပုံတွေ မတင်တော့ဘူးဆိုလို့
တင်လိုက်တယ်နော်” လို့ရေးပြီး ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

မေရီကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် မေရီရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ မေရီရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ကြပါဦးနော်။

Source: Mary