ထိုင်းမင်းသားချော Mark Prin ရဲ့ ဇာတ်ကားသစ်တွေကို မျှော်လင့်နေတဲ့ ထိုင်းဇာတ်ကားချစ်သူ ပရိသတ်တွေအတွက် သတင်း ကောင်းရှိပါတယ်။ မကြာခင်မှာ Mark Prin ရဲ့ ကားသစ်ကို တွေ့ရတော့မှာပါ။ အဆိုပါ TV ဒရမ်မာ ကား သစ် ကိုတော့ Mark Prin ၊ Anne နဲ့ Mew Nittha တို့  အတူ ဖန်တီးကြမှာပါ။ Mark Prin  နဲ့ Mew Nittha တို့ကတော့ ဒီကားမှာ စုံတွဲ အဖြစ် ပါဝင်သွားကြမှာပါ။

Mark နဲ့ Mew  တို့ စုံတွဲ အဖြစ် ပထမဆုံးအကြိမ် သရုပ်ဆောင်ကြမယ့် ဒီဇာတ်ကားရဲ့နာမည်ကတော့ “Ok Keub Hak Ab Ruk Khun Samee” or My Husband-in-law (English Name) ပါ။ Thong Entertainment ရဲ့ Producer ဖြစ်တဲ့ Anne Thongprasom ကတော့ ဒီ ကား ကိုထုတ်မှာပါ။ သူမကတော့ အနုပညာနဲ့ အားဖြည့် မှာ မဟုတ်ပဲ ဇာတ်ကားထုတ်လုပ်သူနေရာကနေပဲ အားဖြည့်ပါဝင် သွားမှာပါ။

သတင်းထောက်တွေနဲ့ အင်တာဗျူး မှာတော့ ..Anne Thongprasom  က ဇာတ်ညွှန်း ကို အပြီးသတ် ဖို့ အချိန် အကြာ ကြီး ယူခဲ့ရတယ်လို့ ဆိုပါတယ်။ရိုက်ကူးရေးတွေကိုတော့ ဇာတ်ညွှန်းရပြီးချိန်မှာ စတင် သွားမယ်လို့ ဆိုပါတယ်။ မင်းသား၊မင်းသမီး ရွေးချယ်မှု ပိုင်းနဲ့ပတ်သက်ပြီး  Anne က “မင်းသားရော မင်းသမီး ကိုပါ သူမ ကိုယ်တိုင် ရွေး ချယ် တာ ဖြစ်ပြီး၊ဇာတ်လမ်းထဲက ဇာတ်ကောင်တွေနဲ့ လိုက်မယ်ထင်လို့ ဒီလူတွေကို ရွေးဖြစ်ခဲ့တာပါလို့ ပြော ခဲ့ပါတယ်။

Mark နဲ့ Mew တို့ဟာ (၂၀၁၇) တုန်းက ထုတ်လွှင့်ခဲ့တဲ့  “Rak Nakara” ဇာတ်ကားမှာလည်း အတူတွဲ သရုပ်ေ ဆာင်ခဲ့ဖူးပါတယ်။ဒါပေမယ့် အဲ့ဒီဇာတ်ကားမှာတော့ စုံတွဲ အဖြစ်သရုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။နှစ်ယောက်လုံး ဟာ အဲ့ဒီနှစ် (၂၀၁၇ မှာပဲ) “ระเบิดเวลา” ဆိုတဲ့ MV မှာ စုံတွဲ အဖြစ် သရုပ်ဆောင်ခဲ့ပါသေးတယ်။ထုတ်လုပ်သူ အချော နဲ့ မင်းသား၊မင်းသမီး အချောတို့ အတူ ဖန်တီးမယ့် ဇာတ်ကားသစ်ကိုတော့ ပရိသတ်တွေက စိတ်ဝင်တစားနဲ့ မျှော်လင့် နေကြပါတယ်။

 

Source