ပရိသတ်တွေကြားမှာ ဗိုလ်အောင်ဒင်သီချင်းနဲ့အတူ တရှိန်ထိုး အောင်မြင်ပြီူး၊ နာမည်ကျော်ကြားလာတဲ့ မြန်မာအဆိုရှင်တစ်ယောက်ဖြစ်တဲ့ မနောကတော့ နယ်ပွဲတွေ အဆက်မပြတ်သွားရောက် သီဆိုနေရတဲ့ အဆိုရှင်တစ်ယောက်ဖြစ်နေပါပြီ။

ဇန်နဝါရီလ (၁၄)ရက်နေ့ကလည်း အခြားသော ကျော်ကြားတဲ့ အဆိုရှင်များနဲ့ အတူ ကယားပြည်နယ် ၊ လွိုင်ကော်မြို့ကို ဖျော်ဖြေဖို့အတွက် ရောက်ရှိခဲ့ပါတယ်။ ကယားပြည်မှာ ပျော်နေတဲ့ မနောကတော့ ဖေစ်ဘုတ်မှာ Live ဗီဒီယိုတွေလည်း လွှင့်တင်ခဲ့ပါသေးတယ်။

ဒါ့အပြင် သွားရောက်ဖျော်ဖြေကြတဲ့ အနုပညာရှင်တွေနဲ့ အတူ ဓါတ်ပုံတွေ ရိုက်ခဲပြီးသူ့ရဲ့ ဖေစ်ဘုတ်မှာ တင်ထားပါတယ်။ မနောရဲ့ ကယားပြည်နယ်ရောက် အမှတ်တရ ဓာတ်ပုံလေးတွေနဲ့အတူ၊ ခရီးသွားမှတ်တမ်းတစ်လျှောက် ရိုက်ယူခဲ့တဲ့ မှတ်တမ်း ဓာတ်ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source: Mannaw