ဗိုလ်အောင်ဒင်သီချင်း အဆိုရှင်ဖြစ်တဲ့ မနောကတော့ အမြဲကြိုးကြိုးစားစားနဲ့ ပရိသတ်တွေအတွက် သီချင်းအသစ်တွေကို ဖန်တီးနေတဲ့ သူတစ်ယောက်ပါ။ လက်တလောမှာလည်း နယ်ဖျော်ဖြေပွဲတွေ မနားတမ်း သွားရောက်ဖျော်ဖြေနေပြီး၊ နယ်ပရိသတ်တွေရဲ့ အချစ်ေ်တာ် အဆိုသမားတစ်ယောက် ဖြစ်ပါတယ်။

အမြဲကြိုးစားနေတဲ့ အဆိုတော် မနောကတော့ သင်္ကြန်ပွဲတော်ကြီးအတွက် သီချင်းသစ်တွေကို သင်္ကြန်မရောက်ခင် (၂)လလောက် အလိုကတည်းတောင် စတင်ဖန်တီးနေပြီ ဖြစ်ပါတယ်။ သင်္ကြန်သီချင်းတွေကိုတော့ အဆိုတော် သဟာအောင်နဲ့ နှစ်ယောက်တွဲ အခွေလေးထုတ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ သီချင်းသုံးပုဒ်တောင် ပြင်ဆင်ထားလို့ အားပေးကြပါဦးလို့လည်း သူရဲ့ ဖေစ်ဘုတ်မှာလည်း ရေးထားပါသေးတယ်။

Source: Mannaw