ဗိုလ်အောင်ဒင်သီချင်း အဆိုရှင် မနောဟာ အလှူရေစက် လက်နဲ့မကွာ ဆိုတဲ့ စကားအတိုင်း အလှူအတန်းတွေကို အစဉ်မပြတ် ပြုလုပ်တတ်တဲ့ သူတစ်ယောက်ပါ။ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကလည်း ဘုရားမှာ ရွှေသင်္ကန်းကပ်လှူခဲ့ပါသေးတယ်။ အခုလည်း ပွဲဆိုလို့ရတဲ့ အနုပညာကြေးတွေနဲ့ ကျောင်းဆောက်လှူဒါန်းခဲ့ပါတယ်။ တေးချစ်သူအပေါင်းနှင့်မိဘဆရာ သူငယ်ချင်း မိတ်ဆွေ အားလုံးလည်း ကုသိုလ်တွေ ထပ်တူရကြပါစေလို့ မနောက သူ့ရဲ့ ဖေစ်ဘုတ်မှာ ဆုတောင်းပေးထားပါသေးတယ်။

source: Mannaw