ကျေးလက်တေးသံရှင်မနောရဲ့ သီချင်းတွေဟာ အဆင့်မမှီတဲ့အတွက် Myanmar Idol ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုဘူးဆိုတဲ့ သတင်းတွေ လတ်လောမှာ အဆက်မပြတ်ထွက်နေပြီး၊ မနောသီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်သူ ပြိုင်ပွဲဝင်တွေကိုလည်း ရာသက်ပန်ထုတ်ပယ်သွားမှာ ဖြစ်တယ်လို့ မြန်မာပြည်သိန်းတန်က မီဒီယာတွေကို ပြောခဲ့တယ်ဆိုတဲ့  သတင်းတွေလည်း ထွက်နေပါတယ်။

ဒီသတင်းတွေက ပရိသတ်တွေကြားမှာ တော်တော်လေးကို ပျံ့နှံ့သွားပြီးတဲ့ နောက်မှာတော့ မနောကိုယ်တိုင်ကပဲ ဒီသတင်းတွေဟာ အမှားတွေဖြစ်တယ်ဆိုတဲ့ အကြောင်းကို ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ မနောကတော့ သူ လေးစားရတဲ့ မြန်မာသိန်းတန်ဟာ ဒီလိုစကားတွေပြောတယ်ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အပြင် ပြောခဲ့ရင်လည်း စိတ်ဆိုးမှာ မဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မဟုတ်မမှန် ရေးသားတဲ့သူတွေကိုလည်း “မိမိ စီးပွားရေး မိမိအစီအစဉ်အောင်မြင်ဖို့၊ အနုပညာကို ရိုးသားစွာလျှောက်လှမ်းနေတဲ့လူနှစ်ဦးကို အသုံးချပြီးစတေးလိုက်ရင်တော့ သိပ်ညံ့ဖျင်းရာကျပါတယ် ခုကိစ္စက သာမန်မဟုတ်ပါ စီးပွားရေးမားကတ်ကို ကျွမ်းကျင်သူတစ်ဦးက လုပ်တာဖြစ်ပါတယ် မလုပ်သင့် မလုပ်အက်ပါဘူး”လို့ရေးပြီး သူရဲ့ ဖေစ်ဘုတ်မှာ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

ဒါ့အပြင် သူတို့နှစ်ဦးဟာ မန္တလေးမှာ ရင်းရင်းနှီးနှီး တွေဆုံခဲ့ကြပြီး ဓါတ်ပုံတွေလည်း ရိုက်ခဲ့ကြတဲ့အပြင် ဖေ့စ်ဘုတ်ပေါ်မှာလည်း ပုံတွေလည်း တင်ခဲ့ပါတယ်။

source: Mannaw,Nu Nandar Than