၂၀၁၇ ခုနှစ်မှာလည်း တောင်ကိုရီးယားမှာ အသစ်သစ်သော အနုပညာရှင်သရုပ်ဆောင်များစွာပေါ်ထွက်ခဲ့ပြီး အရင်နှစ်တွေက သူတို့ရဲ့ စီနီယာတွေလို ဇာတ်လမ်းတွဲတွေမှာ ပါဝင်ပြီး အောင်မြင်ကျော်ကြားမှုတွေကို ကမ္ဘာနဲ့ ချီပြီး ရရှိလျက်ရှိပါတယ်။ သူတို့တွေထဲကမှ အလားအလာကောင်းပြီး ပရိသတ်တွေကြားမှာရေပန်းစားလျက်ရှိတဲ့ အနုပညာရှင်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။

1.Jang Dong Yoon 

သူကတော့ School 2017 ဇာတ်လမ်းတွဲထဲမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ School 2017 ဟာလည်း နာမည်ကျော်ကြားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်လို့ ကြည့်ရှုသူပရိသတ်တော်တော်များများကြားမှာ Jang Dong Yoon ဟာ  အတော်လေး ရေပန်းစားလျက်ရှိပါတယ်။

2.Kim Jung Hyun

သူကလည်း School 2017 ဇာတ်လမ်းတွဲက မင်းသားတစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်ကို ၂၀၁၆ ခုနှစ်မှာ စလုပ်ခဲ့တာဖြစ်ပြီး School 2017 ဇာတ်လမ်းတွဲအပြီးမှာတော့ သူရဲ့ တည်ကြည်ခန့်ညားတဲ့ပုံစံတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိလျက်ရှိပါတယ်။

3.Lee Seo Won 

Lee Seo Won ကတော့  Uncontrollably Fond ဇာတ်လမ်းတွဲထဲမှာ Suzy ရဲ့ မောင်အဖြစ်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေက သတိထားမိခဲ့ပါတယ်။  The Liar And His Lover ဇာတ်လမ်းတွဲမှာ ဒုတိယမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ပြီးနောက်မှာတော့ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိပြီး ၂၀၁၇ ခုနှစ်မှာ အောင်မြင်လာတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။

4.Ji Woo

သူကတော့ ၂၀၁၀ ခုနှစ်ကတည်းက အနုပညာအလုပ်ကို စတင်ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ဒရာမာတွေ၊ ရုပ်ရှင်တွေမှာ ဇာတ်ပို့နေရာကနေ သရုပ်ဆောင်ရတာများပါတယ်။ A Stray Goat ရုပ်ရှင်ကားထဲမှာ GOT7 ရဲ့ Park Jinyoung နဲ့ အတူ တွဲဖက်သရုပ်ဆောင်ပြီး လူသိများလာတာဖြစ်ပါတယ်။ Age of Youth season 2 ဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။

5.Lee Sun-bin

Missing Nine ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေက သတိထားမိခဲ့ကြပါတယ်။ ရိုက်ကွင်းပေါ်မှာလည်း အမြဲသွက်လက်ပြီး ပျော်ရွှင်နေတတ်လို့ သူ့ကိုပျော်ပျော်နေတတ်တဲ့သူတစ်ယောက်အဖြစ် သတ်မှတ်ထားကြပါတယ်။ အမေရိကန်စီးရီး Criminal Minds ကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားမှာလည်း ပါဝင်ခဲ့ပါတယ်။

6.Ahn Hyo-seop 

၂၀၁၅ ခုနှစ်မှာ သရုပ်ဆောင်အဖြစ် စတင်ဆောင်ရွက်ခဲ့ပြီးတော့ ၂၀၁၇ခုနှစ်မှာ Queen of the Ring ဇာတ်လမ်းတွဲမှာ အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ပြီးနောက် မိန်းကလေးပရိသတ်အမြောက်အများရရှိခဲ့ပြီး Queen of the Ring ဇာတ်လမ်းတွဲကို ကြည့်ရှုသူ (၁၀)သန်းကျော်ခဲ့ပါတယ်။

Source: Hallyu Sg