တောင်ကိုရီးယားရဲ့ သဘာဝမင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ Ma Dong Seok ကတော့ အခုဆိုရင် Marvel Studios ရဲ့ ရုပ်ရှင်ကာ “The Eternals” မှာ ပါဝင်သရုပ်ဆောင်တော့မှာပါ။ ဒီအကြောင်းကိုတော့ Soompi မှာ ဖော်ပြထားတာပါ။ ဇူလိုင်(၂၀)ရက်နေ့က Marvel Studios  ရဲ့ ဥက္ကဌဖြစ်သူ Kevin Feige က “The Eter nals.”  မှာ ပါဝင်မယ့် သရုပ်ဆော်တွေကို ကြေညာခဲ့တာပါ။ အဲ့ဒီမှာတော့ Ma Dong Seok က Angelina Jolie, Salma Hayek, Richard Madden,  Kumail Nanjiani တို့ လို ဒိတ်ဒိတ်ကြဲ ဟောလိဝုဒ် နာမည်ကြီး တွေနဲ့ အတူ ဒီစာရင်းမှာ ပါဝင်ခဲ့တာပါ။

Image:@MarvelStudios
Image:@MarvelStudios
Image:@MarvelStudios

“The Eternals” ကတော့ comic book series ပါ။ (၁၉၇၆)ခုနှစ်တုန်းက Jack Kirby ဆိုတဲ့ အမေရိကန် comic book artist က ဖန်တီးခဲ့တာပါ။ အဲ့ဒီမှာတော့ Eternals လို့ ခေါ်တဲ့ စူပါမန်းပြိုင်ပွဲအကြောင်းကို ပြော ထားတာပါ။ Ma Dong Seok  ကတော့ ဒီဇာတ်ကားထဲမှာ Gilgamesh ဆိုတဲ့ ဟီးရီုး တစ်ယောက် နေရာ ကနေ ပါဝင်သရုပ်ဆောင်သွားမှာပါ။ Thor နဲ့ Hercules တို့လို ဟီးရိုးတွေနဲ့ယှဉ်ပြိုင်တဲ့ စူပါ စွမ်းအားပိုင်ရှင် ဟီးရိုး ပါ။ “The Eternals”  ကိုတော့ မြောက်အမေရိကမှာ (၂၀၂၀) နိုဝင်ဘာ (၆) ရက်နေ့ကျရင် ပြသဖို့ စီစဉ်ထားပါတယ်။

Image:@MarvelStudios
Image:@MarvelStudios

#CELENOW(SOURCE :SOOMPI)