မအေးသောင်းဆိုတဲ့ အမည်နဲ့ တကျော့ပြန် ပြန်လည်အောင်မြင်လာတဲ့ သရုပ်ဆောင်မင်းသမီးချော အေးဝတ်ရည်သောင်းကတော့ အသစ်ရိုက်ရမယ့် ရုပ်ရှင်ဇာတ်ရုပ်အတွက် ဒွိဟတွေဖြစ်နေပါတယ်။

အသစ်ရိုက်ရမယ့် ရုပ်ရှင်ဇာတ်ရုပ်မှာတော့ ဟော့ရှော့မမအဖြစ်ပါဝင် သရုပ်ဆောင်ရမှာဖြစ်ပြီး ပရိသတ်တွေကြားမှာ မြန်မာဆန်ဆန်လှတဲ့သူတစ်ယောက်အဖြစ် နာမည်ကြီးတဲ့ အေးဝတ်ရည်သောင်းကတော့ သူသရုပ်ဆောင်တဲ့အခါ ဇာတ်ရုပ်နဲ့ မလိုက်ဖက်မှာကို စိတ်ပူနေပါတယ်တဲ့။ ဒါပေမဲ့လည်း ဇာတ်လမ်းလေးကကောင်းလို့  ရတဲ့အခွင့်အရေးမှာ ကြိုးစားချင်တယ်လို့လည်း မအေးသောင်းကပြောထားပါသေးတယ်။

Source: Aye Thaung