မအေးသောင်းဆိုတဲ့ နာမည်နဲ့ ပရိသတ်တွေရှေ့ကို တဖန်ပြန်လည်ရောက်ရှိလာပြီး အရင်ကထက်တောင် ပိုပြီးတော့ အောင်မြင်မှုတွေ ရရှိနေတဲ့ မအေးသောင်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို တခဲနက်ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

မအေးသောင်းကတော့ ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်းတင်ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် နေတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မအေးသောင်းဟာ ကပိုကရိုလေးနဲ့ လှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ဖေ့စ်ဘုတ်မှာ တင်ထားပါသေးတယ်။ ချစ်ရသူကို အမြဲရည်ရွယ်ပြီး စာရေးလေ့ရှိတဲ့ အေးသောင်းကတော့ “မင်းထက်ပိန်တဲ့ ယောကျာ်းတွေရှိလိမ့်မယ် ကိုယ်ချစ်တာမင်းဝတာလေး။” လို့ရေးပြီး ဓါတ်ပုံတွေကို တင်ထားတာဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ရိုးရိုးလေးနဲ့ လှနေတဲ့ မအေးသောင်းရဲ့ ပုံရိပ်အသစ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Aye Thaung