တခေတ်ပြန်ဆန်းပြီး လူတစ်ကာရဲ့ ပါးစပ်ဖျားမှာ “မအေးသောင်း”လို့ နာမည်ကြီးနေတဲ့ အေးဝတ်ရည်သောင်းကတော့ နန်းဆန်တဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဆိုတာ ငြင်းလို့ကို မရပါဘူး။ အခု လူမှုကွန်ယက်ပေါ်မှာ သူမက အများအတွက် မှတ်သားဖွယ်ရာ စကားတစ်ခွန်းကို ရေးသားခဲ့ပါတယ်။

ရိုးရိုးယဉ်ယဉ် ဝတ်စားတတ်လွန်းလို့ ပရိသတ်တွေ သဘောကျနျှစ်သက်ရတဲ့ မအေးသောင်းကတော့ ဇန်နဝါရီလ (၁၈) ရက်နေ့ကလည်း အရမ်းလှပတဲ့ မြန်မာဝတ်စုံလေးတွေ ဆင်မြန်းပြီး ဓါတ်ပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်လိုက်ပြန်ပါတယ်။ “ကိုယ်ကိုတိုင်စိတ်ချမ်းသာမှ သူများကို စိတ်ချမ်းသာအောင်ထားနိုင်မှာရှင့်” လို့ ရေးခဲ့ပါတယ်။

Source: Aye Thaung