မအေးသောင်းဆိုတဲ့ နာမည်နဲ့ ပရိသတ်တွေကြားမှာ တဖန်ပြန်လည်ရေပန်းစားလာတဲ့ မင်းသမီးချော အေးဝတ်ရည်သောင်းကတော့ အမျိုးသားပရိသတ်တွေကြားမှာ မမတစ်ယောက်အဖြစ် နာမည်ကြီးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ အလှဓါတ်ပုံတွေကတော့ ပရိသတ်တွေတိုင်းကြွေနေရတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း မအေးသောင်းကတော့သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ မြန်မာဆန်ဆန်ရိုးရိုးယဉ်ယဉ်လေးနဲ့ လှနေတဲ့ သူမရဲ့ ဓါတ်ပုံလေးတွေကိုတင်ထားပါတယ်။ အမြဲ ကဗျာဆန်ဆန် စတေးတပ်စ်လေးတွေ တင်တတ်တဲ့ မအေးသောင်းကတော့ “ဝေးလို့လွမ်းနေရတာထက် နီးပြီးမှခွဲရတာ ပိုခံစားရတယ် ချစ်သူရယ်…..နီးနီးလေးမှာ အမြဲရှိချင်တယ်”ဆိုတဲ့ စာသားလေးရေးပြီး တင်ထားတာဖြစ်ပါတယ်။

ဘယ်လိုပုံစံမျိုးနဲ့မဆို လိုက်ဖက်ပြီး လှနေလွန်းတဲ့ မအေးသောင်းရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Aye Thaung