ပြည့်သူတွေရဲ့ အချစ်တော် မအေးသောင်းကတော့ အနုပညာလောကမှာ အောင်မြင်တဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ အပြင် စေတနာ၊ သဒ္ဓါတရားကောင်းတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ မကြာခဏဆိုသလို အလှူအတန်းတွေပြုလုပ်လေ့ရှိပြီး သူ့မရဲ့ အလှူမှတ်တမ်းတွေကို ဖေစ်ဘုတ်ပေါ်မှာ ပရိသတ်တွေအတွက် ပြန်လည်မျှပေးတတ်တဲ့ သူလည်း ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း မင်းသမီးချော မအေးသောင်းက မိဘမဲ့ဂေဟာကျောင်းတစ်ခုကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ “ကလေးတွေလိုအပ်နေတဲ့ … ယောကျာ်းလေး မိန်းကလေး အတွင်းခံလေးတွေ စားစရာမုန့်တွေ တနပ်စာအလှူနဲ့
ပျိုမေ-အမျိုးသမီးလစဉ်သုံး ပစ္စည်းလေးတွေ လှူခဲ့ပါတယ်။”လို့ မအေးသောင်းကတော့ သူမရဲ့ ဖေစ်ဘုတ်မှာ တင်ထားပါတယ်။

ဒီအလှူကိုတော့ အခြားသော အလှူရှင်သုံးယောက်နဲ့အတူ လှူဒါန်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Source: Aye Thaung