ကချင်တိုင်းရင်းသူ မော်ဒယ်မလေးတစ်ယောက်ဖြစ်တဲ့ Mဆိုင်းလုကတော့ စတိုင်ကျပြီး ချစ်စရာကောင်းတဲ့အပြင် ဆွဲဆောင်မှုလဲရှိတဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားကျော်ကြားတဲ့ မော်ဒယ်မလေးတစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ လတ်တလောမှာ အမေရိကားကို အလည်အပတ်ခရီး ရောက်ရှိနေတာ ဖြစ်ပါတယ်။ Mဆိုင်းလုကတော့ ခရီးထွက်နေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားပါသေးတယ်။ အမြဲစတိုင်ကျနေတဲ့ မော်ဒယ်မလေး Mဆိုင်းလုကတော့ အမေရိကားခရီးစဉ်မှာလည်း ထုံးစံအတိုင်း အပြတ်လန်းပြီး အရမ်းကို မိုက်နေပါတယ်။

ပရိသတ်တွေအတွက် Mဆိုင်းလုရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ Mဆိုင်းလုရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ကြပါဦးနော်။

Source: Mဆိုင်းလု