ရုပ်ရှင်သရုပ်ဆောင် မင်းသား လူမင်းကတော့ ဇနီးချော ၊ ချစ်စရာ သားတစ်ယောက် ၊ သမီးတစ်ယောက်တို့နဲ့အတူ သာယာပျော်ရွှင်ရတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားရသူပဲဖြစ်ပါတယ်။ လူမင်းတို့မိသားစုကတော့ အလှူလုပ်ကြလည်း တစ်စုတစ်စည်းတည်း လုပ်ကြပြီး မိသားစုလေးယောက်လုံး ၀တ်စုံဆင်တူလေးတွေနဲ့ ချစ်စရာမိသားစုပုံစံလေးပဲဖြစ်တယ်။

ဒီကနေ့မှာတော့ လူမင်းက သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ သူတို့မိသားပြုခဲ့တဲ့အလှူတွေ အားလုံးရဲ့ပုံရိပ်တစ်ချို့ကို စုပေါင်းတင်ထားတာတွေ့ရပါတယ်။ မိသားစုလေးယောက် အလှူလုပ်လည်းအတူတူ ၊ အမေနဲ့ သမီး ဆံပင်ရှည်ဖြတ်လှူတော့လည်း အတူတူ စတဲ့ အလှူပုံရိပ်တွေကို မျှဝေပေးထားပါတယ်။

လူမင်းက သူတို့မိသားစုရဲ့အလှူပုံရိပ်တွေအပြင် “ငယ်ငယ်တည်းကဆံပင်အရှည်ကိုတန်ဖိုးထားမြတ်နိုးပေမယ့်လည်းလှူဒါန်းပြီးခံစားရတဲ့ပီတိကြည်နူးမှုကပြောမပြတတ်အောင်ကြည်နူးရလို့ဆံပင်ရှည်လာရင်ပြန်ဖြတ်လှူပါ့မယ်၊သွေးအလှူကို၎လတစ်ကြိမ်လှူနိုင်အောင်ကြိုးစားပါ့မယ်၊အားလုံးလည်းလှူဒါန်းကုသိုလ်ပြုနိုင်ကြပါစေ” လို့ ရေးသားမျှဝေထားပါတယ်။

source : Ayarwady Lu Min