Luhan ကတော့ နှစ်သစ်မှာ ဆံပင်ပုံစံအသစ်ပြောင်းလိုက်ပုံပါပဲ။ ဒီဆံပင်ပုံစံအသစ်ကတော့ အရင်တုန်းက Luhan ထားခဲ့ဖူးတဲ့  ဆံပင်ပုံစံတွေနဲ့ တော်တော်ကွဲပါတယ်။ သူရဲ့ ဆံပင်ပုံစံကို ပရိသတ်တွေ ထင်မှတ်မထားတဲ့ dreadlocks စတိုင်ကို ပြောင်းလိုက်တာဖြစ်ပါတယ်။ ခေါင်းမှာလည်း ခေါင်းစည်းပ၀ါတစ်ခု ပတ်ထားပါသေးတယ်။

ဒီပုံကိုတော့ သူရဲ့ weibo အကောင့်မှာ “ဒီနေ့က ကြာသာပတေးနေ့ပါ။ ဆံပင်ပုံစံအသစ်ပြောင်းထားတယ်” လို့ရေးပြီး တင်ထားတာဖြစ်ပါတယ်။ Luhan ရဲ့ ပရိသတ်တွေကတော့ ဒီဆံပင်ပုံစံအသစ်က Luhan နဲ့ လိုက်ဖက်လား၊ မလိုက်ဖက်ဘူးလားဆိုတာကို ဝေခွဲမရ ဖြစ်နေကြပါတယ်။

Source: Kstarlive