လင်းဇာနည်ကတော့ သူမရဲ့ သမီးလေးမြူလင်းကိုကိုအတွက် မွေးနေ့ ဆုတောင်းပေးခဲ့ပါတယ။ဲမူလင်းကိုကိုကတော့ ပြည်ပမှာ ပညာသင်ယူနေတာပါ။ ဒီနှစ်မွေးနေ့လေးကတော့ သူမရဲ့ အသက် (၂၂)နှစ်ပြည့်မွေးနေ့လေးပါ။ ပညာရေး ဘက်မှာ လည်း ထူးချွန်ပြီး သိတတ်လိမ္မာသူလေးမို့ ပရိသတ်တွေကပါ အချစ်ပိုနေရသူလေးပါ။ မြူလင်း လေး ကတော့ UTS: University of Technology Sydney မှာ တက်ရောက်ပညာသင်ယူနေတာပါ။

Image from Lin Zarni Zaw’s fb

နိုင်ငံရပ်ခြားမှာ ပညာသင်နေရတဲ့ သမီးလေးကို မွေးနေ့ရောက်တော့ ပိုသတိရဖြစ်၊လွမ်းဖြစ်နေတယ်လို့ လည်း လင်း ဇာနည်က ပြောထားပါတယ်။ သမီးလေးအတွက် အခုလို မွေးနေ့ ဆုတောင်းပေးခဲ့ပါတယ်။

“အလိုလိုနေရင်းအိပ်မရ.
သတိတွေအရမ်းရ
အော်..မိခင်ဘဝ..

Happy Birthday သမီးလေးရေ🎁👩‍❤️‍👩🐭💕

ဖြစ်ချင်တာနဲ့ဖြစ်သင့်တာကို
ခွဲခြားဆုံးဖြတ်နိုင်တဲ့သူ.

Image from Lin Zarni Zaw’s fb
Image from Lin Zarni Zaw’s fb

ဘဝကိုရိုးသားဖြူစင်စွာ.
လျှောက်လှမ်းနိုင်တဲ့သူ.

ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူလေးဖြစ်ပါစေ..

🐹ခါတိုင်းနေ့တွေထက်
ပိုလွမ်းတယ်ကြွက်မလေးရေ🐹💪👩‍❤️‍👩

Image from Lin Zarni Zaw’s fb
Image from Lin Zarni Zaw’s fb

Source လင်းဇာနည်ဇော်ရဲ့ fb