အနုပညာလောကမှာအောင်မြင်လာတဲ့ မော်ဒယ်၊ မင်းသားလေး တစ်ယောက်ဖြစ်တဲ့ လင်းအောင်ခေတ်ကတော့ မိန်းကလေး ပရိသတ်တွေအများကြီး ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူက လတ်တလောမှာလည်း မင်းသမီး နန်းမြတ်ဖြိုးသင်းနဲ့အတူ “You” ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

ပရိသတ်တွေချစ်ကြတဲ့ လင်းအောင်ခေတ်ကတော့ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီးတော့ ဖုံးကွယ်ထားတတ်သူတစ်ယောက်လည်း မဟုတ်ပါဘူး။ လင်းအောင်ခေတ်ရဲ့ ချစ်သူကောင်မလေးကလည်း လင်းအောင်ခေတ်နဲ့ အတူရိုက်ထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို သူမရဲ့ အင်စတာဂရမ်မှာ တင်ပေးတတ်ပါတယ်။

လင်းအောင်ခေတ်ကတော့ သူရဲ့ ချစ်သူ တင်ထားတဲ့ ပိုစ်လေးတွေအောက်မှာလည်း ကွန်းမန့်ဝင်ရေးထားပါသေးတယ်။

သူတို့နှစ်ယောက်ကတော့ လိုက်ဖက်ပြီး ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေက လင်းအောင်ခေတ်တို့စုံတွဲလေးကို အရမ်းကို သဘောကျနေကြပါတယ်။ ပရိသတ်တွေအတွက် ချစ်စရာကောင်းလွန်းတဲ့ လင်းအောင်ခေတ်တို့ စုံတွဲလေးရဲ့ ဓါတ်ပုံလေးတွေလည်း တင်ဆက်ပေးလိုက်ပါတယ်။

Source: Lin Aung Khit