မင်းသား Lee Yi Kyung ကတော့ အင်တာဗျူးတစ်ခုမှာ Kang Danielရဲ့  စိတ်သဘောထားနဲ့ ပတ်သတ်ပြီး ဖြေကြားပေးခဲ့ပါတယ်။

Lee Yi Kyung ကတော့ လတ်တလောမှာ “It’s Dangerous Beyond the Blankets”အစီအစဉ် မှာ ပါဝင် ရိုက်ကူးနေတာဖြစ်ပြီး ဒီအစီအစဉ်မှာပါဝင်တဲ့ အခြားသောအနုပညာရှင်တွေထဲမှာမှ သူ့ကို အံသြစေခဲ့ဆုံး အနုပညာရှင်က ဘယ်သူလဲဆိုတာကို ပြောပြခဲ့ပါတယ်။

Lee Yi Kyung ကတော့ အရမ်းကို စိတ်သဘောထားဖြူစင်တဲ့ Kang Daniel ကသူ့ကို အံ့သြစေခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ” Kang Danielက တကယ့်ကို စိတ်ထားဖြူစင်တဲ့ သူတစ်ယောက်ပါ။ ကျွန်တော် ဒရာမာ ရိုက်ကူးမှုပြီးသွားတဲ့ အချိန်မှာ ကျွန်တော့်ဆီကို ပထမဆုံး မက်ဆေ့ပို့ပေးခဲ့တဲ့သူက Danielပါ။ ‘အလုပ်ကြိုးကြိုးစားစားလုပ်ပေးလို့ ကျေးဇူးတင်ပါတယ်’ဆိုပြီး မက်ဆေ့ပို့ပေးခဲ့တာပါ။ ကျွန်တော်ကို စိတ်ချမ်းသာစေတဲ့ ညီလေးတစ်ယောက်ပါ။ ကျွန်တော်တော့ သူ့ကို သဘောကျတယ်”လို့ပြောပြခဲ့ပါတယ်။

Source: Koreaboo