ဇန်နဝါရီလ ၁၃ရက်နေ့မှာတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ပရိသတ်တွေက Lee Seung Gi ရဲ့ အသက် ၃၁နှစ်ပြည့် မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။ Lee Seung Gi ကတော့ သူကို မွေးနေ့ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း သူရဲ့ အင်စတာဂရမ်မှတစ်ဆင့် ပြောခဲ့ပါတယ်။

အသက် (၃၁)နှစ် ပြည့်သွားပြီ ဖြစ်တဲ့ Lee Seung Gi ဟာ အမူအရာအမျိုးမျိုးနဲ့ သူရဲ့ အင်စတာဂရမ်မှာ ပုံတွေတင်ပြီး “မွေးနေ့အတွက် ဆုတောင်းတွေအတွက် ကျေးဇူးတင်ပါတယ်လို့” ရေးထားတာဖြစ်ပါတယ်။

လတ်တလောမှာတော့ Lee Seung Gi ဟာ အနုပညာလုပ်ငန်းတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ သူစာ Hwayugi ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်လျက်ရှိပြီး The Butlers ဆိုတဲ့ အစီအစဉ်မှာလည်း ပါဝင်လျက်ရှိတယ်လို့ သိရပါတယ်။

Source: Allkpop