ပရိသတ်တွေချစ်ကြတဲ့ မျောက်မင်း Lee Seung Gi ကတော့ “Master In The House”ဆိုတဲ့ အစီအစဉ်မှာ အခြားသော အနုပညာရှင်တွေနဲ့အတူ ပါဝင်တင်ဆက်လျက်ရှိပါတယ်။ ဖေဖေါ်ဝါရီလ (၄)ရက်နေ့ကထုတ်လွှင့်တဲ့ “Master In The House” အစီအစဉ်မှာတော့ အစီအစဉ်တင်ဆက်သူတွေဟာ သူတို့ရဲ့ သခင်အသစ် ဘယ်သူဖြစ်လာမလဲဆိုတာ သဲလွန်စရဖို့အတွက် Taeyang ဆီိကို ဖုန်းခေါ်ခဲ့ရပါတယ်။

တင်ဆက်သူတွေကတော့ Taeyang နဲ့ ဖုန်းပြောရမယ်ဆိုတာ မသိကြပါဘူး။ ဒါပေမဲ့  Lee Seung Gi ကတော့ အသံကြားကြားခြင်းပဲ Taeyang ဆိုတာကို ချက်ချင်း သိသွားခဲ့ပါတယ်။ သဲလွန်စကို ပေးပြီးနောက်မှာတော့ Taeyang က သူစစ်မှုထမ်းရတော့မယ့် အကြောင်းကို သက်ပြင်းတစ်ချချနဲ့ ပြောပြခဲ့ပါတယ်။

သိပ်မကြာသေးခင်ကမှာ စစ်မှုထမ်းတာဝန်ကို ပြီးစီးသွားခဲ့တဲ့ Lee Seung Gi ကတော့ “မင်းအခက်အခဲရှိတဲ့ အချိန်မှာ ငါ့ကို ဆယ်သွယ်ပါ။ စစ်မှုထမ်းရတော့မယ်ဆိုတဲ့ အချိန်မှာ ဘယ်လိုခံစားရလဲဆိုတာ ငါလည်း နားလည်တယ်။ အရမ်းကြီး ခက်ခဲတဲ့ အရာမဟုတ်တဲ့အတွက် အားတင်းထားပါ”ဆိုပြီး Taeyangကို အားပေးခဲ့တာဖြစ်ပါတယ်။

Source: Soompi