မင်းသားချော Lee Kwang Soo ကတော့ ‘Running Man’ အဖွဲ့ကို ချစ်တဲ့အကြောင်း အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ ဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Esquire ဓာတ်ပုံရိုက်ကူးမှု အင်တာဗျူးမှာ ဒီအကြောင်းကို ပြောပြခဲ့တဲ့အကြောင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

အင်တာဗျူးမှာ SBS television show ‘Running Man’ အစီအစဉ်မှာ အဖွဲ့ဝင်အဖြစ် ဆယ်နှစ်ကျော်ခဲ့ပြီဖြစ်တဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ Lee Kwang Soo က “ ကျွန်တော်နာမည်ကို ဒီအစီအစဉ်ကြောင့် ပိုသိလာခဲ့ကြတဲ့အတွက် ‘Running Man’ ကို အရမ်းကို ကျေးဇူးတင်ပါတယ် ဒါကြောင့်ပဲ ကျွန်တော် ‘Running Man’ ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခွင့်ရတာကို ပိုကျေးဇူးတင်မိပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။

အင်တာဗျူးတဲ့သူ Lee Kwang Soo ရဲ့ အလုပ်အပေါ်ထားတဲ့ ကြိုးစားမှုကို producer တွေနဲ့ ဇာတ်ညွှန်းဆရာတွေကတောင် အသိအမှတ်ပြုကြတဲ့ အကြောင်းကို မေးမြန်းတဲ့ အခါမှာတော့ Lee Kwang Soo က ရှက်ပြုံးလေးနဲ့ ခုလိုဖြေကြားခဲ့ပါတယ် “ ဇာတ်ကား၊ ဒရာမာပဲဖြစ်ဖြစ်၊ television show ပဲဖြစ်ဖြစ် ရိုက်ကူးပြီးတဲ့ အချိန်တိုင်းမှာ ကျွန်တော် ဒီနေ့ကို အကောင်းဆုံး မလုပ်ခဲ့ဘူးလို့ ဘယ်တော့မှ မတွေးဖြစ်ဘူး”။

“ ကျွန်တော် အချိန်တိုင်း အမြဲတမ်း ကြိုးကြိုးစားစားနဲ့ အကောင်းဆုံး လုပ်ခဲ့ပါတယ် နောက်ပြီး ဒီလိုလုပ်ရမယ်ဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း တွေးထားပါတယ်” ဆိုပြီး သူ့ရဲ့ခံယူချက်လေးကို ပြောပြပေးခဲ့ပါတယ်။

Lee Kwang Soo ဟာ ‘Running Man’ အစီအစဉ်မှာ 2010 ကနေ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။ သူက ဒီအစီအစဉ်ရဲ့ တစ်ကမ္ဘာလုံး လူကြိုက်အများဆုံး ဆုဖြစ်တဲ့ ‘Prince of Asia’ ဆုကိုလည်း ရရှိထားတာလည်း ဖြစ်ပါတယ်နော်။

Khin