Running Man အဖွဲ့သားတွေဟာ နှစ်သစ်အတွက် အကြံဉာဏ်ကောင်းတွေရရှိနိုင်ဖို့အတွက် ဗေဒင်ဆရာဆီကိုသွားပြီး နှစ်သစ်အတွက်ဗေဒင်မေးဖို့သွားခဲ့ပါတယ်။ ဗေဒင်ဆရာကတော့ ၂၀၁၈ခုနှစ်ဟာ Lee Kwang Soo အတွက် အရမ်းကိုကံကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီနှစ်ပြီးနောက်နှစ်တွေမှာတော့ အတက်အကျလေးတွေ ရှိလိမ့်မယ်လို့ ဗေဒင်ဆရာကပြောခဲ့ပါတယ်။

Lee Kwang Soo ကတော့ ဒီနှစ်ပြီးတဲ့အချိန်မှာလည်း သူရဲ့ကံကောင်းခြင်းတွေကို ဆက်ပြီးရှိနေစေချင်သေးတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအခါမှာတော့ ဗေဒင်ဆရာက Kwang Soo ဟာ သူ့ကိုကောင်းကောင်းစောင့်ရှောက်ပေးနိုင်တဲ့ မိန်းကလေးတစ်ယောက်နဲ့သာ ချစ်သူတွေဖြစ်ခဲ့ရင် ကံကောင်းခြင်းတွေက ဆက်လက်ပြီးတော့ Kwang Soo နဲ့အတူ ရှိနေမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ Running Man အဖွဲ့ထဲမှာတော့ Kwang Soo ကို နွေးထွေးမှုတွေ အချစ်တွေနဲ့ လွှမ်းခြုံပေးနိုင်တဲ့ သူတစ်ယောက်ရှိပါတယ်လို့ ဗေဒင်ဆရာကပြောခဲ့ပါတယ်။ သူကတော့ Jun So Min ဖြစ်ပြီး So Min ရဲ့ နွေးထွေးတဲ့ နှလုံးသားကြောင့် Kwang Soo နဲ့ So Min တို့ဟာ ပြည့်စုံလိုက်ဖက်တဲ့ ချစ်သူဘဝကိုရရှိကြမှာ ဖြစ်တယ်လို့ ဗေဒင်ဆရာကပြောခဲ့ပါတယ်။

Running Man အဖွဲ့ဝင်တွေကလည်း သူတို့နှစ်ယောက်ကို စုံတွဲတွေဖြစ်ဖို့အားပေးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဒီအချစ်ရေးကတော့ အောင်မြင်မှုတွေ ဆက်လက်ရရှိဖို့အတွက် အချစ်နဲ့ နွေးထွေးမှုတွေလိုအပ်နေတဲ့ Kwang Soo တစ်ယောက်အတွက်ပဲ အကျိုးရှိမှာ ဖြစ်တယ်လို့ ဗေဒင်ဆရာကပြောခဲ့ပါတယ်။

Source: Koreaboo