မင်းသားချော Lee Joon Gi က လက်ရှိမှာတော့ အရမ်းကို လူကြိုက်များတဲ့ မင်းသားတစ်ယောက်အဖြစ် အမျိုးသမီး ပရိတ်သတ်တွေကြားမှာ နေရာယူထားသူ တစ်ယောက်ပါ။ သူက မင်းသားဖြစ်ပြီးနောက်မှာ သူ့ရဲ့ အကျင့်စရိုက်တွေကို ဘယ်လိုမျိုး ပြုပြင်ပြောင်းလဲခဲ့တဲ့ဆိုတာကို ပြောပြသွားခဲ့တာပါ။ ဒီသတင်းကိုတော့ sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

ဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ ARENA ကနေပြီးတော့ မင်းသားချော Lee Joon Gi ကို အင်တာဗျူးထားတာလေးကို ပြန်လည်ဝေမျှပေးခဲ့တာ ဖြစ်ပါတယ်။ အင်တာဗျူးမှာ Lee Joon Gi ကို အနုပညာအလုပ်ကို လုပ်ကိုင်ဖို့ ရွေးချယ်ခဲ့တာနဲ့ ဒီအလုပ်အပေါ် 100% အားရကျေနပ်မှု ရှိတဲ့အကြောင်းလေးကို မေးမြန်းခဲ့တာပဲ ဖြစ်ပါတယ်။

 

Lee Joon Gi က “ သရုပ်ဆောင်ခြင်းက တူရိယာဝိုင်းတစ်ခုနဲ့ တူပါတယ် မင်းသား၊ မင်းသမီး ပဲမဟုတ်ပဲ ထုတ်လုပ်ရေး အဖွဲ့သားတွေ အားလုံးကပါ စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်ကြရတာပါ ကျွန်တော် အခုလုပ်နေရတဲ့ အလုပ်ကို တကယ့်ကို ချစ်မြတ်နိုးပါတယ် ဒါက ကျွန်တော့်ကို အားရကျေနပ်မှု ဖြစ်စေတာပါ” လို့ အပြုံးလေးနဲ့ ဖြေကြားခဲ့ပါတယ်။

 

နောက်ပြီး Lee Joon Gi က သူပွဲဦးထွက်စက ပုံစံနဲ့ အခုသူ့ရဲ့ အကျင့်စရိုက်တွေက မတူတော့ဘူးဆိုတဲ့ အကြောင်းလေးကို ခုလို ပြောပြလာခဲ့ပါတယ် “ ကျွန်တော် အရင်က အရမ်းကို အေးပြီး တိတ်ဆိတ်တဲ့ သူတစ်ယောက်ပါ ကျွန်တော်က introvert လူစားမျိုးပေါ့ ဒါပေမယ့် ကျွန်တော် မင်းသားဖြစ်ပြီးနောက်မှာတော့ အပြင်တွေလည်း အရမ်း သွားဖြစ်လာသလို တဖြည်းဖြည်း extrovert ဘက်ကို ပြောင်းလဲလာခဲ့တယ် ကျွန်တော် လူတွေကို ချစ်ပါတယ် ကျွန်တော်သာ သရုပ်ဆောင် အလုပ်ကို မလုပ်ခဲ့ဘူး ပရိတ်သတ်တွေနဲ့ ဆက်သွယ်ခွင့် မရခဲ့ဘူးဆိုရင် ကျွန်တော် အရမ်းကို ပျင်းပြီး အထီးကျန်နေမှာပါ ဒါကြောင့်ပဲ အထီးမကျန်ရအောင် ကျွန်တော့်ရဲ့ ဝန်ထမ်းတွေ၊ ပရိတ်သတ်တွေနဲ့ စကားတွေ ပြောဖြစ်တယ်” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။

 

Lee Joon Gi  ဟာ 2001 ခုနှစ်မှာ ပွဲဦးထွက်လာခဲ့ပြီး သူ့ရဲ့များစွာသော ဇာတ်ကားတွေဖြစ်တဲ့ ‘The King and the Clown (2005)’ ‘ Time Between Dog and Wolf (2007)’ ‘ Moon Lovers: Scarlet Heart Ryeo (2016)’ ‘ Flower of Evil (2020)’ စတဲ့ ဇာတ်ကားတွေက ပရိတ်သတ်ရဲ့ အားပေးထောက်ခံမှုကို အပြည့်အဝ ရရှိခဲ့တာပဲ ဖြစ်ပါတယ်နော်။

Khin