Lee Joon နဲ့ Jung So Min တို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ ချိန်းတွေ့နေတဲ့ ဓါတ်ပုံတွေကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီ (၁) ရက်နေ့မှာ Dispatch သတင်းဌာနကနေ ပရိသတ်တွေကို ထုတ်ပြခဲ့ပြီး အဲဒီဓါတ်ပုံတွေဟာ လတ်လောမှာ အင်တာနက်မှာ အတော်ရေပန်းစားလျက်ရှိပါတယ်။ သူတို့ နှစ်ဦးဟာ “My Father Is Strange” ဇာတ်လမ်းတွဲမှာ ၂၀၁၇ အစပိုင်းလောက်က အတူတူတွဲဖက်ပါဝင်သရုပ်ဆောင်ခဲ့ပြီး တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ Lee Joon ဟာ စစ်မှုထမ်းသွားခဲ့ပေမဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ ခိုင်ခိုင်မာမာနဲ့ ဆက်ပြီး တည်ရှိနေပုံပါပဲ။ Jung So Min ရဲ့ အနုပညာအေဂျင်စီနဲ့  Lee Joonရဲ့ အနုပညာအေဂျင်စီတို့ နှစ်ဘက်စလုံးကလည်း ဒီကိစ္စကို အတည်ပြုပေးခဲ့ကြပါတယ်။

source: Koreaboo