Suzy နဲ့ Lee Jong Suk တို့ဟာ “While You Were Sleeping” ဇာတ်လမ်းတွဲထဲမှာ အတွဲညီညီနဲ့ သရုပ်ဆောင်ခဲ့ကြတာကတော့ ပရိသတ်တွေတောင် အားကျလောက်တဲ့ အထိပါပဲ။ သူတို့ နှစ်ဦးဟာ  2017 SBS Drama Awards ဆုပေးပွဲမှာလည်း  “While You Were Sleeping” ဇတ်ကားနဲ့ Best Coupleဆိုကို ရရှိခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ဆုအတွက်ကျေးဇူးတင်ကြောင်းပြောပြီးနောက်မှတော့ ဆုပေးပွဲက MC Shin Dong Yup က ဇာတ်လမ်းတွဲရိုက်နေတဲ့ အချိန်မှာ  ဘယ်လိုမျိုး ခံစားချက်ထည့်ပြီး သရုပ်ဆောင်ခဲ့လဲဆိုတာကို မေးခဲ့ပါတယ်။

Shin Dong Yupက သရုပ်ဆောင်နေတဲ့ အချိန်မှာ ဇာတ်ရုပ်အတိုင်း တကယ်ပဲ Suzy ကို ချစ်ခဲ့လားလို့ မေးခဲ့ပါတယ်။Lee Jong Suk က “Suzy ဟာ  တောင်ကိုရီးယားမှာ အလှဆုံးမိန်းကလေးတစ်ယောက်ပါ။ရုပ်ရှင်ရိုက်နေတဲ့ အချိန်တိုင်း၊အချိန်တိုင်းမှာ တကယ်ပဲ သဘောကျခဲ့ပါတယ်။”လို့ ပြောခဲ့ပါတယ်။ Suzy ကလည်း “Jong Sukက အရမ်းကို ချောတဲ့ အတွက် ဇာတ်ရုပ်မှာ စိတ်နှစ်ပြီး သေချာသရုပ်ဆောင်နိုင်ခဲ့ပါတယ်” လို့ဖြေခဲ့ပါတယ်။

Source: Koreaboo