Kpop အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Lee Hyo-ri ကတော့ သူမရဲ့ ခင်ပွန်းအပေါ် ထားတဲ့ အချစ်တွေကို စကားလုံးတွေနဲ့ သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ Lee Hyo-ri က သူမ သေဆုံးရမှာကို ကြောက်ပြီး အကြောင်းအရင်းကတော့ သူမရဲ့ ခင်ပွန်းဖြစ်သူ အဆိုတော် Lee Sang-soon ကို ချန်ထားခဲ့ရမှာကို စိုးတဲ့အတွက်ကြောင့်လို့ ပြောပြလာပါတယ်။ ဒီသတင်းကိုတော့ sbs က ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

Credit :@finkl._.finky #LEEHYOLEE #LEEHYORI#HYORI #이효리 #효리네민박 #ssak3 #Hangoutwithyoo #Howdoyouplay #kshows#koreanshow

A post shared by Lee HyoRi (@leehyori.leehyolee) on

MBC’s television show ‘Hangout with Yoo’  ဆိုတဲ့ အစီအစဉ်မှာ Koyote ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Kim Jong-min ကနေပြီးတော့ Lee Hyo-ri ကိုလေဆိပ်ကနေ သွားကြိုခဲ့တာပဲ ဖြစ်ပါတယ်။ ကားထဲမှာ Kim Jong-min က “ လေယဉ်စီးရတာကို မကြောက်ဘူးလား ကျွန်တော်က တစ်ခုခုဖြစ်ပြီး သေသွားမှာကို အရမ်းကြောက်တာ ကျွန်တော်သေသွားခဲ့ရင် ကျွန်တော်စားချင်တာတွေ မစားရတော့ဘူး” ဆိုပြီး ပြောခဲ့တာပါ။

 

အဲဒီ့မေးခွန်းကို Lee Hyo-ri က  ခုလိုဖြေကြားခဲ့ပါတယ် “ ကျွန်မ လက်မထပ်ခင်တုန်းကတော့ ဘယ်တုန်းကမှ မကြောက်ခဲ့ဖူးဘူး ဒါပေမယ့် လက်ထပ်လိုက်တဲ့အချိန်မှာတော့ ဒီကြောက်တတ်တဲ့ စိတ်က ဖြစ်လာခဲ့တယ် အဲဒါဘာကြောင့်လဲ သိလား ကျွန်မ သေရမှာကို ကြောက်လာတာက Lee Sang-soon ကို ထားခဲ့ရမှာ ကြောင့် ဖြစ်လာတာပါ” ဆိုပြီး ဖြေကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

#happyanniversary #leehyori #leesangsoon #loveyou #♥️♥️♥️

A post shared by Love.Hyori (@love.hyori) on

ဒီအဖြေကို ကြားတဲ့အခါမှာတော့ Kim Jong-min က “ ကျွန်တော်ထင်တယ် Lee Sang-soon က ခင်ဗျားမရှိလည်း အဆင်ပြေမယ်လို့” ဆိုပြီး စနောက်ခဲ့ပါတယ်။ Lee Hyo-ri က အရမ်းကို သဘောကျ ရယ်မောပြီး “ ကျွန်မမရှိလည်း သူကောင်းကောင်းနေနိုင်မယ်ဆိုတာ ကျွန်မသိပါတယ် ဒါပေမယ့် ကျွန်မ စိုးရိမ်မိတာပါ” လို့ ပြန်လည် ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

#happyanniversary #leehyori #leesangsoon #loveyou #♥️♥️♥️

A post shared by Love.Hyori (@love.hyori) on

Lee Hyo-ri နဲ့ Lee Sang-soon တို့ဟာ September 2013 မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက် ခုနှစ်နှစ် ရှိပြီပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်မှာ ခုအချိန်ထိ သားသမီးမရှိသေးပေမယ့် မကြာခင်ကပဲ Lee Hyo-ri က သူတို့သားသမီးယူဖို့ ကြိုးစားနေတဲ့အကြောင်းကို ထုတ်ဖော်ပြောခဲ့ပါတယ်။

Khin