Lee Dong Wook နဲ့ Jo Bo Ah တို့က တော့ Dazed Korea magazine အတွက် ဓါတ်ပုံတွေ ရိုက်ကူးေ ပးခဲ့ရင်း မကြာခင်မှာ ပြသ တော့မယ့် ဇာတ်ကား သစ်နဲ့ ပတ်သက်ပြီး အင်တာဗျူး ဖြေခဲ့ပါတယ်။ ဒီဇာတ်ကားက တော့ သူတို့နှစ်ယောက် အတူ တွဲ အလုပ်လုပ် တဲ့ ပထမဆုံး အကြိမ် ပါ။ သူတို့ နှစ်ယောက်ကတော့ tvN ရဲ့ “Tale of the Nine Tailed” ဆိုတဲ့ ဇာတ်ကား မှာ အတူ တွဲ သရုပ်ဆောင်ထားကြတာပါ။နှစ်ယောက် အတူ အလုပ် တွဲ လုပ်ရတဲ့ ခံစားချက် ကို ရင်ဖွင့်ခဲ့တဲ့ အ ကြောင်းတွေကို တော့ Soompi မှာ အခုလို ဖော်ပြခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Cho Boah (@xxadoraa) on

“Tale of the Nine Tailed,” က တော့ စိတ်ကူးယဉ် ဇာတ်ကား မျိုးပါ။အမြီးကိုးချောင်း မြေ ခွေးေ နရာကိုေ တာ့ Lee Dong Wook က သရုပ်ဆောင် ထားပြီး မြေ ခွေးကို အမဲလိုက်မယ့် ထုတ်လုပ်ရေး ဒါရိုက်တာ အဖြစ် Jo Bo Ah က သရုပ်ဆောင် ထားပါတယ်။ Jo Bo Ah အ ကြောင်းကိုတော့ Lee Dong Wook က “ ကျွန် တော် တို့ အရင်က တခါ မှ အတူ တွဲ အလုပ် မလုပ် ဖူးဘူး။ ဒီဇာတ်ကားမှာ ပထမဆုံး အကြိမ် စ သိတာ။ Bo Ah က အရမ်းရင့်ကျက်ပြီး တွေး ခေါ် တတ်တဲ့ မိန်း က လေးပါ။ လွတ်လွတ် လပ်လပ် နေတတ်တယ်။ရိုက်ကွင်း ပေါ်မှာ သူမကို အားကိုး မှီခိုရတာ တွေ ရှိတယ်။ ကျွန် တော့်က သူ့အငယ်လို မျိုး ဖြစ် နေတယ်..” လို့ ပြောခဲ့ပါတယ်။ Lee Dong Wook က ၃၈ နှစ်ဖြစ်ပြီး Jo Bo Ah က ၂၉ ပါ။

 

View this post on Instagram

 

TALES UNTOLD ⠀ @leedongwook_official @xxadoraa ⠀ 2020년 <구미호뎐>은 전래 동화의 재생산이 아니라 어쩌면 아직 그 누구에게도 들려준 적 없는 이야기. 지극히 현재, 이동욱과 조보아가 살고 있었다. 그러던 어느 날···. ⠀ <Tales of Kumiho> isn’t just a fairy tale today in 2020. It’s rather a tale that has never been told before. Once upon a time, there lived Lee Dongwook and Cho Boah… ⠀ Text Lee Hyunjun @yi_hyunjun Photography Kim Yeongjun @photokyj80 Fashion Nam Joohee(Lee Dongwook) @joohee_nam , Yun Sangmi(Cho Boah) @stylist_ysm Hair Kang Hyunjin(Lee Dongwook) @hyonjin82 @kanghyunjin_official , Kim Yumi at Jennyhouse Chungdamhill(Cho Boah) @naby2999 Makeup Lee Young(Lee Dongwook) @leeyoung220 , Mu Jin at Jennyhouse Chungdamhill(Cho Boah) @mujin81 Assistant Heo Yaeji @_yddyyddy ⠀ 더 많은 화보와 기사는 <데이즈드> 10월호에서 만나볼 수 있습니다. Check out more of our editorials and articles in <DAZED> KOREA October print issue.

A post shared by 데이즈드 코리아 DAZED KOREA (@dazedkorea) on

Jo Bo Ah က လည်း “ကျွန်မရဲ့ စီနီယာ ဆိုပေမယ့် သူနဲ့ အလုပ် တွဲ လုပ်ရတာ အရမ်းသက်သောင့် သက်သာ ဖြစ်တယ်။ အလုပ်လုပ် တော့လဲ ကျွန်မ ရဲ့ Flow အလိုက်ကို ငဲ့ပြီး အရမ်း စဉ်းစားညှာတာ ပေးတယ်။ ရိုက်ကွင်းေ ပ်ါမှာ ကျွန်မ က သူ့ကို အများကြီး အားကိုး ခဲ့ရပါတယ်..” လို့ ပြောခဲ့ပါတယ်။ ကိုဗစ်က အနုပညာလောက အ ပေါ် ဘယ်လို သက်ရောက်မှု တွေ ရှိလာနိုင်လဲ ဆိုတဲ့ အ မေးကိုတော့ Lee Dong Wook က “ကျွန် တော်တို့ သရုပ်ဆောင် တွေ က ‘contact-free,’ တွေ လေ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဖျော်ဖြေပွဲ နယ်ပယ်နဲ့ ယဉ်ကျေးမှု နယ်ပယ် တွေ  အတွက် နည်းနည်း စိတ်ပူမိတယ်။ ဒီယဉ် ကျေးမှု ဆိုင်ရာနယ်ပယ်တွေ ဆိုတာက TV စီးရီးတွေနဲ့ ရုပ်ရှင် ကား တွေ အတွက် အရေးကြီး တဲ့ အရာ တွေပဲ လေ..” လို့ ပြောခဲ့ပါတယ်။

အသက် ၃၀ ပြည့်ခါ နီးလာတဲ့ Jo Bo Ah က တော့ သူမရဲ့ သရုပ်ဆောင်ဘ၀ နဲ့ ပတ်သက်ပြီး ..”ကျွန်မ ငယ်ငယ်တုန်းက တော့ အသက်ကြီး လာရမှာ မကြိုက်ဘူး။ ဒါပေမယ့် နှစ်တွေ ကျော်ဖြတ်လာ တော့ အဲ့ အ တွေးတွေ မှေးမှိန် သွားတယ်။အခု ထိ ဖြတ်သန်းလာတဲ့ ကျွန်မရဲ့ ခရီး အတွက် ကျွန်မ ဂုဏ်ယူတယ်။ ကျွန်မ သရုပ်ဆောင်တဲ့ ဇာတ်ကောင် တွေ ပြောင်းလဲ သွားလိမ့်မယ်။ သရုပ်ဆောင် တစ်ယောက် အနေနဲ့ ရော သာမန်လူ အ နေနဲ့ပါ ကျွန်မ ခံစားချက် တွေ က ပြောင်းလဲ သွားမယ်။ အသက် ၃၀ ပြည့် မွေးနေ့ ပွဲကို စိတ်လှုပ်ရှားမှု အပြည့် နဲ့ ကြိုဆို နေပါတယ်..” လို့ ပြောခဲ့ပါတယ်။ “Tale of the Nine Tailed” ကို တော့ အောက်တိုဘာ ၇ ရက်နေ့မှာ စတင် ပြသ မှာပါ။

#CELENOW