Lee Byung Hun ကတော့ ကိုရီးယားအနုပညာလောထဲမှာဆိုရင် အခုဆိုရင် တော်တော်လေးရှားပါးသွားပြီဖြစ်တဲ့ အသားညိုညို ယောက်ျားပီသ တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ မင်းသားတစ်ယောက်ပါ။ အသက် (၄၇)နှစ် ရှိခဲ့ပြီဖြစ် ပေမယ့် ခန့်ညားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသလို ထူးချွန်တဲ့ သူ့ရဲ့ အနုပညာအရည်အသွေးတွေကြောင့် အခုထိ အော င်မြင်မှု ရနေတုန်းပါ။မ င်းသား Lee Byung Hun ကတော့ Mr. Sunshine.” ဇာတ်လမ်းတွဲ အပိုင်းတစ်ပိုင်း စာ အတွက် အနုပညာကြေးကတော့ ကိုရီးယားဝမ် သန်း(၁၅၀)၊အမေရိကန်ဒေါ်လာနဲ့ဆိုရင် ($134,700) ရတယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။

pinterest
pinterest

ဒီသတင်းတွေနဲ့ပတ်သက်ပြီး Seoul Economic Daily Star ကို tvN  ဘက်ကနေ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ Lee Byung Hun ရတဲ့ အနုပညာကြေးကို ပြန်ပြီး စစ်ဆေး(Check) လုပ်ပေးလို့ မရနိုင်ဘူး ဆိုပြီး ပြန်တုံ့ပြန်ခဲ့ပါတယ်။ သူတို့ဘက်က မင်းသားရတဲ့ အနုပညာကြေးနဲ့ပတ်သက်ပြီး အတည်ပြု တာမျိုး Official လုပ်လို့ မရတဲ့ အနေအထား မျိုး လို့ ယူဆရပါတယ်။“Mr. Sunshine.” ဇာတ်လမ်းတွဲမှာ အပိုင်း (၂၄) ပိုင်းပါတဲ့ အတွက် ဒီဇာတ်လမ်းတွဲ တစ်ခု တည်းနဲ့တင်ပဲ Lee Byung Hun ရဲ့ ၀င်ငွေဟာ ၀မ် (၃.၆)ဘီလီယံ၊ဒေါ်လာနဲ့ဆိုရင် ($3.2 million) နီးပါး  ရခဲ့ပါ တယ်။

pinterest
pinterest

 “Mr. Sunshine”  ဟာ အရင်တည်းက ထုတ်လုပ်ရေးနဲ့ သရုပ်ဆောင်ကုန်ကျစရိတ်တွေမှာ ငွေအများကြီး သုံးထား တယ်ဆိုပြီး အားလုံးရဲ့ အာရုံစိုက်ခြင်းကို ခံနေရတာပါ။ ထုတ်လုပ်တဲ့ စရိတ်(production cost) နဲ့တင်ပဲ ၀မ် ဘီလီယံ (၄၀) လောက်ရင်းနှီးမြှုပ်နှံခဲ့ တာပါ။ဒီဇာတ်ကားရဲ့ စာရေးဆရာမကတော့ Kim Eun Sook  ဖြစ်ပြီး သူမကတော့ A Gentleman’s Dignity, The Heirs, Descendants of the Sun, and Guardian: The Lonely and Great God  တို့ကို ရေးသားခဲ့သူပါ။ သရုပ်ဆောင်တွေ အနေနဲ့ကတော့ Kim Tae Ri, Yoo Yeon Seok, Kim Min Jung နဲ့  Byun Yo Han တို့ ပါဝင်ထားပါတယ်။ထုတ်လုပ်စရိတ်မှာ ငွေအများကြီး သုံးထားတဲ့ အတွက် အား လုံးက ဒီကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေရဲ့ အနုပညာကြေးကိုပါ စိတ်ဝင်စားနေကြတာပါ။ “Mr. Sunshine” ကတော့ (၁၈၇၁)ခုနှစ်တုန်းက စစ်သင်္ဘောနဲ့ အမေရိကန်ကို ထွက်ခွာသွားပြီးနောက် အမေရိကန် စစ်သား အဖြစ် အမိမြေ ကိုပြန်လာတဲ့ အမျိုးသားရဲ့ အကြောင်းကို ရိုက်ကူးထားပြီး သမိုင်းဒရမ်မာ ဇာတ်ကားပါ။ ဒီဇာတ်ကားကိုတော့ “Lawless Lawyer” အပြီး၊ ဇူလိုင်(၇)ရက်နေ့ကစပြီး ပြသသွားမှာပါ။

 

Source soompi