Song Joong Ki နဲ့ Song Hye Kyoတို့နှစ်ယောက် ကွာရှင်းလိုက်တဲ့သတင်းကတော့ အင်တာနက်ပေါ်မှာ နာမည်ကြီးသတင်းဖြစ်ေ်နတာကြောင့် အိမ်ထောင်ရေး အကျိုးဆောင်ရှေ့နေတစ်ေ်ယာက်ကို အင်တာဗျူးလုပ်ခဲ့တဲ့အခါမှာတော့ အဲဒီရှေ့နေက Song Joong Kiဟာ Song Hye Kyo ကို ကွာရှင်းသတင်းကနေတစ်ဆင့် သတင်းစကားပါးချင်တာဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

Song Joong Kiကတော့ တရားရုံးကို ကွာရှင်းဖို့အတွက် လျှောက်ပြီးနောက်နေ့မှာပဲ ကွာရှင်းသတင်းကို ကြေငြာခဲ့တာဖြစ်ပါတယ်။ ရှေ့နေ Kim Nam Gook ကတော့ “နာမည်ကြီး စုံတွဲတွေဟာ သူတို့ရဲ့ ကွာရှင်းတဲ့ကိစ္စပြီးစီးတဲ့အချိန်အထိ မီဒီယာကို လျှို့ဝှက်ထားလေ့ရှိပါတယ်။ Song Joong Ki ကတော့ Song Hye Kyo ကို ကွာရှင်းမယ့်ကိစ္စ ပြီးစီးမယ့်အချိန်မှာ ပိုပြီးတော့ နိုးနိုးကြားကြားနေဖို့အတွက် အသိပေးလိုက်တာဖြစ်နိုင်ပါတယ်” လို့ပြောခဲ့ပါတယ်။


အနုပညာလောကမှာ ကျင်လည်နေတဲ့ ဝါရင့် သတင်းထောက်တစ်ယောက်ကလည်း Song Joong Ki နဲ့ Song Hye Kyo တို့ဟာ သူတို့ရဲ့ ကွာရှင်းဖို့အတွက် လုပ်တဲ့အချိန်မှာ မတွေ့ခဲ့ကြပဲနဲ့ Song Joong Kiကပဲ ကွာရှင်းဖို့အတွက် လုပ်ရမယ့် လုပ်ထုံးလုပ်နည်းတွေကို စပြီးတော့ လုပ်ခဲ့တာဖြစ်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Song Joong Ki နဲ့ Song Hye Kyo တို့ကတော့ ဒီလထဲမှာ ကွာရှင်းတဲ့ကိစ္စကို အပြီးသတ်ကြမှာဖြစ်ပါတယ်။
Source: Koreaboo