ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၀ ရက်နေ့တုန်းကတော့ အမေရိကရဲ့ ၄၆ ယောက်မြောက်သမ္မတသစ်ဖြစ်တဲ့ Joe Biden ရဲ့ ကျမ်းကျိန်ပွဲကြီးကို Washington DC မှာ ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။ ဒီကျမ်းကျိန်ပွဲမှာတော့ ပွဲတစ်လျှောက်လုံးကို နာမည်ကြီးအဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေကိုလည်း တစ်ခါတည်း ပေါင်းလုပ်ခဲ့ပါတယ်။
အဖွင့်သီချင်းကိုတော့ Lady Gaga က နိုင်ငံတော်သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။ နောက်မှာတော့ Jennifer Lopez ကဖျော်ဖြေခဲ့တာပါ။ နောက်ဆုံးမှာတော့ Fireworks သီချင်းနဲ့ Katy Perry က မီးရှူးမီးပန်းတွေကြားထဲ အားပါးတရဖျော်ဖြေသွားခဲ့တာပါ။
View this post on Instagram
ဒီမှာ Lady Gaga ကို သူ့ရဲ့ပရိသတ်တွေက တော်တော်လေးကို ဂုဏ်ယူလို့မဆုံးဖြစ်နေခဲ့ကြပါတယ်တဲ့။ အကြောင်းကတော့ ဒီလိုပါ။ Lady Gaga အနေနဲ့ တောက်လျှောက် LGBTQ+ အရေးတွေကို တောက်လျှောက်ထောက်ခံပြီး လှုပ်ရှားလာခဲ့သူဖြစ်ပါတယ်။ ဒီအတွက်ကြောင့် သူမကို LGBTQ+ ရဲ့ ဘုရင်မကြီးလို့တောင် တင်စားနေခဲ့ကြတာပါ။
View this post on Instagram
ကျမ်းကျိန်ပွဲမှာတော့ Lady Gaga ဖျော်ဖြေမှုစတော့မှာဖြစ်တဲ့အတွက် သီချင်းဆိုဖို့ မိုက်ကို လူတစ်ယောက်က ကမ်းပေးခဲ့ပါတယ်။ အဲဒီလူကတော့ တခြားမဟုတ်ဘဲ Mike Pence ပါတဲ့။ Mike Pence ဆိုတာ Donald Trump လက်ထပ်တုန်းက ဒုသမ္မတလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူဟာ LGBTQ+ အရေးတွေကို ရှုံ့ချထားခဲ့သူလည်းဖြစ်ပြန်ပါတယ်။ ဒီအတွက်ကြောင့် Lady Gaga ရဲ့ ပရိတ်သတ်တွေက ဆန့်ကျင်ဖက်ဖြစ်ခဲ့တဲ့ Mike Pence လိုလူကတောင် Lady Gaga ကို မိုက်ကမ်းပေးရတယ်ဆိုပြီး ကြံဖန်ဂုဏ်ယူနေခဲ့ကြတာပါ။ Lady Gaga ကိုယ်တိုင်ကလည်း Mike Pence ရဲ့ သဘောထားသေးသိမ်မှုတွေအပေါ် မကောင်းကြောင်း လူမှုကွန်ယက်ပေါ်တွေမှာ ပြောထားခဲ့ဖူးပါသေးတယ်။
“To Mike Pence, who thinks that it’s acceptable to ban LGBTQ: you are wrong. You‘re the worst representation of what it means to be a Christian. You can take all that disgrace, Mr. Pence, and look yourself in the mirror and you’ll find it right there.“ —Lady Gaga https://t.co/bU3HgqK41H
— ⚔️ GAGA DAILY ⚔️ (@gagadaily) January 20, 2021
“To Mike Pence, who thinks that it’s acceptable to ban LGBTQ: you are wrong. You‘re the worst representation of what it means to be a Christian. You can take all that disgrace, Mr. Pence, and look yourself in the mirror and you’ll find it right there.“ —Lady Gaga https://t.co/bU3HgqK41H
— ⚔️ GAGA DAILY ⚔️ (@gagadaily) January 20, 2021
ဒါလေးကတော့ ဗီဒီယိုမှတ်တမ်းလေးပါ။
Lady Gaga ဟာ Joe Biden အတွက်ကိုလည်း Pennsylvania မဲစွယ်ပွဲတုန်းက ပါဝင်ကူညီပေးခဲ့ဖူးးပါသေးတယ်။
View this post on Instagram
penny