ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ နေတိုး၊ ၀တ်မှုံရွှေရည်တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြပြီးတော့ အခြားသော နာမည်ကျော် သရုပ်ဆောင်တွေလည်းပါဝင်တဲ့ “လရောင်ဖြာတဲ့ အင်းလေးမှာ” ဇာတ်ကားကြီးကိုတော့ လာမယ့် ဇန်န၀ါရီလ (၅)ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ အင်းလေးရဲ့ အလှအပတွေ ဓလေ့တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ “လရောင်ဖြာတဲ့ အင်းလေးမှာ” ဇာတ်ကားရဲ့ Trailer အရတော့ ဒီဇာတ်ကားဟာ အရင်ကြည့်ခဲ့ဖူးတဲ့ အင်လေးဇာတ်ကားတွေရဲ့ ဇာတ်လမ်းပုံစံနဲ့ မတူပဲ တမူထူးခြားမှုရှိမယ်လို့ထင်ရပါတယ်။ ဇာတ်ကား Trailer လေးကို ကြည့်လိုက်တာနဲ့ ဒီဇာတ်ကားဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်မယ်ဆိုတာ သေချာပါတယ်။

လရောင်ဖြာတဲ့ အင်းလေးမှာ

ကဲ… အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ ‘လရောင်ဖြာတဲ့ အင်းလေးမှာ’ ? ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ Official Trailer လေးကို တင်ပေးလိုက်ပါပြီနော် ?? ပရိသတ်ကြီးလည်း ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်… ကြိုက်တယ်ဆိုရင်တော့ Share လေး တစ်ချက်နှိပ်ပြီး အားပေးပါအုံးနော်… ???(၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ရက်မှစ၍ တစ်ပြည်လုံးတွင် ပြသမည်)

Posted by လရောင်ဖြာတဲ့ အင်းလေးမှာ on Sunday, December 17, 2017

Source: “လရောင်ဖြာတဲ့ အင်းလေးမှာ” facebook