မကြာခင်ရောက်ရှိလာတော့မယ့် အောက်တိုလာလ ၃၁ ရက်နေ့ကတော့ Halloween နေ့ဆိုတာ တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ ဒီ Halloween နေ့ဟာ ကျွန်တော်တို့နိုင်ငံမှာတော့ ကြီးကြီးကျယ်ကျယ် သိပ်ပြီးကျင်းပလေ့ မရှိကြပေမယ့် အနောက်နိုင်ငံတွေမှာတော့ ဒီပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပကြပါတယ်။ Halloween နေ့မှာ အနောက်နိုင်ငံသားတော်တော်များများ သရဲတစ္စေတွေ၊ ကိုယ်ကြိုက်တဲ့ costume ဝတ်စုံတွေဝတ်ပြီး Halloween ပွဲတော်ကို ပျော်ပျော်ပါးပါး ကျင်းပလေ့ ရှိပါတယ်။ အခုလည်း နာမည်ကျော် မောဒယ်လ်တစ်ဦးဖြစ်တဲ့ Kylie Jenner ကနေပြီးတော့ သူမဝတ်ခဲ့ဖူးတဲ့ Halloween ဝတ်စုံတွေအကြောင်း ပြောပြခဲ့ကာ သူမအကြိုက်ဆုံး ဝတ်စုံတစ်ချို့ကိုလည်း ပြသခဲ့ကြောင်း Cosmopolitan သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အပေါ်မှာ ပြသထားတဲ့ Halloween ဝတ်စုံနာမည်ကတော့ Barbie ဖြစ်ပြီး Kylie ရဲ့ အကြိုက်ဆုံး Halloween ဝတ်စုံတစ်ခုလည်းဖြစ်ပါတယ်။ Kylie ဟာ ငယ်ငယ်လေးကတည်းက Barbie ပုံစံလေးဖြစ်ချင်ခဲ့ပြီး ဒီဝတ်စုံကို Halloween ရောက်မှသာလျှင် ဝတ်ဆင်ခဲ့ဖူးကြောင်း သိရပါတယ်။

Youtube-Rating My Halloween Costumes

အပေါ်မှာတွေ့ရတဲ့ လိပ်ပြာပုံစံ Halloween costume ကတော့ Kylie ရဲ့ အမှတ်တရ ဝတ်စုံတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ လိပ်ပြာပုံစံတက်တူးကို Kylie နဲ့ Travis Scott တို့ နှစ်ယောက်အတူတူ ထိုးခဲ့ဖူးတာကြောင့်ပါပဲ။ ဒါ့ကြောင့် လိပ်ပြာပုံစံတွေဟာ သူမနဲ့ Travis Scott တို့နှစ်ဦးကြားက ချစ်ခြင်းသင်္ကေတတစ်ခုလို့တောင် ပြောနိုင်ကြောင်း အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Youtube-Rating My Halloween Costumes

ရေသူမပုံစံဝတ်စုံကတော့ သူမရဲ့ အကြိုက်ဆုံး Halloween ဝတ်စုံတွေထဲက တစ်ခုဖြစ်ပြီး ဒီရေသူမပုံစံ costume ကို ဝတ်ထားရင် သူမကိုယ်သူမ အရမ်း sexy ဖြစ်စေတယ်လို့ ခံစားရကြောင်း ပြောခဲ့ပါတယ်။ “ဒီဝတ်စုံဝတ်ထားရင် ကိုယ့်ကိုယ်ကို Bad bitch တစ်ယောက်လို ခံစားရပါတယ်”လို့ Kylie က ပြောကြားခဲ့ပါတယ်။

Youtube-Rating My Halloween Costumes

အပေါ်မှာတွေ့ရတဲ့ ညာဖက်အခြမ်းက Dorothy ပုံစံလေးဝတ်ထားတဲ့ ကလေးမလေးကတော့ Kylie ငယ်ငယ်လေးတုန်းက Halloween ဝတ်စုံတစ်ခုဖြစ်ပြီး သူမရဲ့ အကြိုက်ဆုံး ငယ်ဘဝ ဝတ်စုံတစ်ခုဖြစ်ကြောင်း သိရပါတယ်။ အဲဒီအချိန်တုန်းက ပုံစံကို အခုပြန်ကြည့်မယ်ဆိုရင်တော့ သူမရဲ့ ဆံပင်ကို အနည်းငယ်ပြင်ချင်ကြောင်း ပြောခဲ့ပါတယ်။

Pyi Hein Kyaw