Kylie Jenner နဲ့ သမီးလေး Stormi လေးကတော့ ကမ္ဘာ့အလန်းဆုံးအမိုက်စားသားအမိလို့တောင် သတ်မှတ်ထားခြင်း ခံထားရတာပါ။ အမြဲတမ်းလိုလို ချစ်စရာကောင်းတဲ့ ပိုစ့်လေးတွေနဲ့ ဓာတ်ပုံလေးတွေ၊ ဗီဒီယိုလေးတွေ ရိုက်ရိုက်တင်နေတဲ့အတွက်လည်း ပရိတ်သတ်တွေနဲ့ Stormi လေးဟာ ရင်းနှီးနေခဲ့ပါပြီ။

 

View this post on Instagram

 

A post shared by Kylie 🤍 (@kyliejenner) on

 

 

View this post on Instagram

 

A post shared by Kylie 🤍 (@kyliejenner) on

အခုလက်တလောမှာ Kylie နဲ့ Stormi လေးတို့ကို လူတွေအရမ်းချစ်နေကြတဲ့ ဗီဒီယိုလေးတစ်ခုရှိနေပါတယ်။ နှစ်ယောက်သား မုန့်ဖုတ်တဲ့ဗီဒီယိုလေးပေါ့။ Kylie တို့ သားအမိအရင်တုန်းကလည် ခရစ်စမတ်တို့၊ မွေးနေ့တို့ စတဲ့ နေ့ထူးနေ့မြတ်တွေရောက်တိုင်း မုန့်လေးတွေဖုတ်ဖုတ်ပြီးတော့ ဗီဒီယိုလေးတွေတင်နေကျပါပဲ။

ဒီတစ်ခေါက်မှာတော့ လာမယ့် ဟောလိုးဝင်းပွဲတော်အတွက် သားအမနှစ်ယောက်သား မုန့်ဖုတ်နေခဲ့ကြတာပါ။ ဟောလိုးဝင်းရဲ့ အထင်ကရအရောင်ဖြစ်တဲ့ လိမ္မော်ရောင်ရှိပြီး ရွှေဖရုံသီးလေးတွေပါတဲ့ ညအိပ်ဝတ်ဝတ်စုံလေးတွေကို အတူတူဝတ်ထားခဲ့တာပါ။ Kylie ရဲ့ အိမ်က မီးဖိုချောင်မှာပဲ မုန့်ဖုတ်ခဲ့ကြတာပါ။

 

 

View this post on Instagram

 

A post shared by Kylie 🤍 (@kyliejenner) on

Stormi လေးကတော့ တစ်နေ့တစ်ခြား မျက်စိရှေ့တင်ကြီးလာပြီးတော့ ချစ်ဖို့လည်း ပိုပိုပြီးကောင်းလာပါတော့တယ်။ အခုလည်း စကားလေး မတော်ကတခေါက်နဲ့ မေမေ Kylie ကို လှမ်းလှမ်းပြီး ကွတ်ကီးလေးတွေက ချစ်ဖို့ကောင်းလိုက်တာတို့၊ Kylie ပြောတဲ့ စကားလေးတေါကို အနောက်ကနေ လိုက်ပြီး ပြောတာတို့လိုမျိုးလေးတွေနဲ့ အသည်းယားစရာလေးပါ။

ဗီဒီယိုလေးကို ကြည့်လိုက်ကြပါဦး..

penny