ဒါရိုက်တာ ခရစ်စတီးနားခီနဲ့ ဇဏ်ခီတို့ကတော့ အနုပညာလောကရဲ့ နာမည်ကြီးဆယ်လီစုံတွဲပါ။နှစ်ဦးကြားမှာ နား လည် မှုချစ်ခြင်းတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခု ဆိုတာကတော့ သူတို့နှစ်ဦးရဲ့ အချင်းအချင်း ပြော ဆိုဆက်ဆံ ပုံတွေကို  ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ပရိသတ်ကြီးရေ ဒီနေ့လေးကတော့ ခီမောင်နှံရဲ့ နှစ်ပတ်လည် အထိမ်းအမှတ်နေ့လေး ဖြစ်ပုံရပါတယ်။

fb မှာ တခြားပုဂ္ဂိုလ်ရေးအကြောင်းအရာတွေကို အများကြီးတင်လေ့မရှိတဲ့ ခီမောင်နှံရဲ့ fb မှာတော့ နှစ်ပတ်လည် နေ့ နဲ့ပတ်သက်ပြီး အခုထိ ဘာမှတင်ထားတာ မတွေ့ရပေမယ့် သူတို့တွေနဲ့ ရင်းနှီးတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ကတော့ သူ့ရဲ့ fb မှာ ခီမောင်နှံရဲ့ နှစ်ပတ်လည်နေ့ လေးအတွက် ဆုတောင်းပေးထားပါတယ်။ အိမ်ထောင်သက် (၁၀)နှစ်ကျော် ပါပြီလို့ ခီမောင်နှံက အင်တာဗျူးတွေမှာ ဖြေခဲ့ဖူးတော့ ဒါဟာ အိမ်ထောင်သက် (၁၁)နှစ်ပြည့် လေးလို့ ယူဆရ ပါတယ်။မင်္ဂလာနှစ်ပတ်လည် အလှူပွဲလေး လုပ်ခဲ့ပြီး ဒါရိုက်တာ ထူးပိုင်ဇော်ဦး၊မေမြင့်မိုရ်တို့ မောင်နှ မ ..တို့က အလှူ ပွဲလေးကို တက်ရောက်ခဲ့ကြတာကိုတွေ့ရပါတယ်။

သူတို့နှစ်ဦးကို “ဥပါယ်တံမျဉ်” ” မုဒြာရဲ့ ခေါ်သံ” ဇာတ်ကားနှစ်ကား ပဲ ရုံ တင်ပြ သထားပေမယ့် ပထမရုံတင်ကား “ဥပါယ်တံမျဉ်” မှာပဲ ပရိသတ်ချစ်ခင်အားပေးမှုကို တခဲနက် ရခဲ့သူပါ။ ရုပ်ရှင်ေ လာကကို အပြောင်းအလဲတွေ ဆောင်ကျဉ်းပေးလာမယ့် အလင်းတန်းတစ်ခု အဖြစ် မီဒီယာတွေ၊ပရိသတ် တွေရဲ့ မျှော်လင့်အားကိုးမှုတွေကြောင့် အနုပညာအသိုင်းအ၀ိုင်းတွေကြားမှာ ရိုက်ခတ်မှုတွေ ရှိခဲ့ပါသေးတယ်။ဒါပေမယ့်လည်း ခီမောင်နှံကတော့ ပရိသတ်တွေ ပေးတဲ့ ခွန်အားနဲ့ ရှေ့ဆက်ပြီး အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်ကိုင်လျက်ရှိပါတယ်။

from ဇဏ်ခီ၊ခရစ်စတီးနားခီ၊ထူးပိုင်ဇော်ဦး