ရုပ်ရှင်ဇာတ်ကားတွေမှာ လူကြမ်းနေရာကနေ ပါဝင်အားဖြည့် သရုပ်ဆောင်လေ့ရှိတဲ့ ကျော်ဇင်ထွဋ်ကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စား အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူကတော့ ဒဏ်ရာတွေ ရလောက်တဲ့ထိအောင် ကြိုးစားသရုပ်ဆောင်တတ်တဲ့ သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေ အမြဲစိတ်ပူရတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

လတ်တလောမှာ ကာဗာရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတဲ့ ကျော်ဇင်ထွဋ်က ရုပ်ရှင်ရိုက်ကူးရေးမှာ အိပ်မက်ထဲမက်တဲ့ အထိအောင် စွဲလန်းခဲ့ရတဲ့ အမိုက်စားကားကြီးကို ကိုယ်တိုင်မောင်းပြီး သရုပ်ဆောင်ခဲ့ရတဲ့ အကြောင်းကို “ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ရန်ကုန်ဖေချစ်ကျော်ဇင်ထွဋ် တစ်ယောက် သူ့အိမ်မက်ထဲမှာ သူရမ်းရူးသွပ်ခဲ့တဲ့ ဒီကားလေး နဲ့ သူရမ်းမောင်းပြီး သူရမ်းရိုက်နေပြန်အိ” လို့ရေးပြီး ဓါတ်ပုံတွေကို တင်ထားတာဖြစ်ပါတယ်။

အိပ်မက်ထဲအထိ စိတ်ကူးယဉ်ခဲ့တဲ့ ကားလေးကို ရုပ်ရှင်ရိုက်ကူးရင်း ကိုယ်တိုင်မောင်းပြီး စီးခဲ့သလို တကယ့် လက်တွေ့ဘဝမှာလည်း အိပ်မက်ကားလေးကို အမြန်ဆုံးဝယ်စီးနိုင်ပါစေလို့ ပရိသတ်တွေက ကျော်ဇင်ထွဋ်အတွက် ဆုတောင်းပေးနေကြပါတယ်။

Source: Kyaw Zin Htut