MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိလာတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ ကျော်ဆုကတော့ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်တတ်တဲ့ သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိနေတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ကျော်ဆုကတော့ ဖေ့စ်ဘုတ်ပေါ်မှာ သူရဲ့ ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးနေတတ်တဲ့ သူတစ်ယောက်ဖြစ်ပြီး ဒီကနေ့မှာလည်း ဖေ့စ်ဘုတ်ပေါ်မှာပဲ သူရဲ့ ခံစားချက်ရင်တွင်းဖြစ်လေးကို ရေးသားထားပါတယ်။

“မင်းချစ်တဲ့သူကို ဆုံးရှုံးသွား တဲ့အခါ ကံတရား ကအဲ့ဒီ အတွက် မင်းကို ချစ်တဲ့သူကို ပြန်အစားပေးလိမ့်မယ်” လို့ သူက ရေးထားပြီး နာကျင်ရတာကို သိပေမယ့် အားတင်းထားပါလို့လည်း ရေးထားပါသေးတယ်။

ကျော်ဆုဟာ သည်းထိပ်ရင်ဖို ဇာတ်လမ်းတစ်ခုဖြစ်တဲ့ အဆိပ်သွေး ဇာတ်လမ်းတွဲမှာလည်း သုတေသနပညာရှင်နေရာ ဇာတ်ရုပ်မှာ ပါဝင် သရုပ်ဆောင်ထားပါသေးတယ်။

Source: Kyaw Su