ပရိသတ်ရဲ့ အချစ်တော် မင်းသားတွေဖြစ်ကြတဲ့ “အမုန်းမှသည်” ဇာတ်လမ်းတွဲ့ရဲ့ မင်းသားချော ကျော်ထက်ဇော်နဲ့ အကယ်ဒမီ မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ နေတိုးတို့ကတော့ ရုပ်ရှင်ကားကြီးတစ်ကားဖြစ်တဲ့ “သဲသဲလှုပ်” ဇာတ်ကားကြီးမှာ အတူတူ ပါဝင်ပြီး ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကတော့ ဒါရိုက်တာ ကျော်ဇောလင်း ဖန်တီးရိုက်ကူးနေတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ အတူပါဝင်သရုပ်ဆောင်နေကြတဲ့ မင်းသားနှစ်ယောက်ကတော့ ဇာတ်ကားအတူရိုက်ရင်းနဲ့ ခင်မင်ရင်းနှီးမှုတွေလည်း  တိုးလာတဲ့ ပုံပါပဲ။ သူတို့နှစ်ဦး အတူရိုက်ထားတဲ့ ဓါတ်ပုံကို ဖေ့စ်ဘုတ်ပေါ်မှာတောင် တင်ထားပါသေးတယ်။ နှစ်ယောက်စလုံးကလည်း အကျီင်္ပန်းရောင်လေးနဲ့  ချစ်စရာကောင်းနေပါသေးတယ်။

ခန့်ညားတဲ့ မင်းသားနှစ်ယောက်ဖြစ်တဲ့ ကျော်ထက်ဇော်နဲ့ နေတိုးတို့ရဲ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Kyaw Htet Zaw