မေလ (၂၀)ရက်နေ့ကတော့ လူငယ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေရရှိထားတဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ ကျားပေါက်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ကျားပေါက်ကတော့ “The Voice Myanmar” သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်တစ်ဦးအဖြစ်လည်း ပါဝင်ဆောင်ရွက်နေပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုကိုရရှိနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

အဆိုတော် ကျားပေါက်ကတော့ သူရဲ့ မွေးနေ့မှာ Suprise လုပ်ခံလိုက်ရလိုက်တဲ့ အကြောင်းလေးကို ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားပါတယ်။ အဆိုတော် ကျားပေါက်ရဲ့ မွေးနေ့ Suprise ကိုတော့ TeamKP အဖွဲ့သားတွေက ပြုလုပ်ပေးခဲ့တာဖြစ်ပြီး မွေးနေ့ကိတ်နဲ့ သောက်စရာတွေအပြင် အရမ်းကို ချစ်စရာကောင်းတဲ့ လက်ဆောင်လေးကိုလည်း ပေးခဲ့ပါတယ်။

TeamKP အဖွဲ့သားတွေကတော့ ကျားပေါက်ရဲ့ ချစ်ဇနီးကို ပုံတူဆွဲထားတဲ့ ပန်းချီကားလေးကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း အဆိုတော် ကျားပေါက်ကို မွေးနေ့ဆုတောင်းပေးလိုက်ပါဦးနော်။

Source: Han Htoo Lwin