ကိုရီးယားအနုပညာလောကမှာလည်း အသားယူပြီး နှာဘူးကျတတ်တဲ့ အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကား အနိုင် ကျင့်တဲ့ သတင်းတွေ မကြာခဏ ဆိုသလို ထွက်ပေါ် လေ့ရှိပါတယ်။ မင်းသမီးတစ်ယောက်ဖြစ်ဖို့၊ အဆို တော်တစ်ယောက် ဖြစ်ဖို့ ခန္ဓာကိုယ်ကို ရင်းနှီးပေးဆပ်ရတယ်ဆိုတဲ့ အဖြစ် အပျက်မျိုးတွေကိုလည်း သတင်းတွေမှာ တွေ့နေ၊မြင်နေကြားနေရပါတယ်။ အခုလည်း Kwon Hyukjeong ဆိုတဲ့ model/Youtuber  မိန်းကလေး တစ်ယောက် က Idol ဖြစ်ချင်တဲ့ သူမရဲ့ အိမ်မက်ကို စွန့်လွှတ်လိုက်ရတဲ့ နောက်ကွယ်က အကြောင်းအရင်းကို ထုတ် ပြော ခဲ့ ပါ တယ်။ ဒီအကြောင်းကိုတော့ kstarlive မှာဖော်ပြထားတာပါ။

Image Source: Youtube ‘권혁정’ Screenshot

နှာဘူးကျတဲ့ ဥက္ကဌတစ်ယောက်ကြောင့် သူမရဲ့ အိမ်မက်ကို စွန့်လွှတ်ခဲ့ရတာပါ။ မကြာသေးမီတုန်းက သူမရဲ့ Youtu be Channel မှာ ဒီအကြောင်းကို ဖွင့်ဟခဲ့တာပါ။’The Reason I Gave up to Be an Idol.’ ဆိုတဲ့ ခေါင်း စဉ် နဲ့ ထုတ်ပြော ပြခဲ့တာပါ။ ဗီဒီယိုဖိုင်ထဲမှာတော့ သူမဟာ Idol တစ်ယောက် ဖြစ်ချင်ခဲ့ တဲ့ အကြောင်း နဲ့  နောက်ဆုံး မှာတော့ Idol အဖြစ် ပွဲဦးထွက်ဖို့ ကိစ္စကို လက်လျှော့ ရတဲ့ နောက်ကွယ်က ကြောက်စရာ အဖြစ်မှန် ကို ထုတ် ပြော ခဲ့ပါတယ်။ “အေဂျင်စီတစ်ခု ဆီကို ကျမ ရောက်သွားတော့ လေ့ကျင့်တဲ့ အခန်းထဲကို ရောက်သွားတယ်။ အဲ့ဒီ လေ့ကျင့် တဲ့ အခန်းက အခန်းကျဉ်းလေး။ စန္ဒရားတစ်ခု နဲ့ Stand Mic တစ်ခုလောက် ပဲ အဆင်ပြေတဲ့ အခန်းမျိုးပါ။

Image Source: Youtube ‘권혁정’ Screenshot

အဲ့ဒီမှာ ဥက္ကဌ ဆိုတဲ့ လူနဲ့ ကျမ တွေ့ရတယ်။ အဲ့ဒီလူက ရုတ်တရက်ကြီး သူ့ဘေးမှာ လာထိုင်ဖို့ ကျမကို ပြောတယ် ။ ပြီးတော့ ကျမရဲ့ ခြေထောက်တွေကို ကြည့်ချင်လို့ စကပ်ကို မပေး ခိုင်းတယ်။ ပြီးတော့ ပလတ်စတစ်ဆာဂျရီ လုပ်ဖို့ လို၊မလို ဆိုတာကို ဆုံးဖြတ် ဖို့  အတွက် ကျမရဲ့ ခန္ဓာကိုယ်(အ၀တ်မပါတဲ့ ခန္ဓာကိုယ်)ကို ကြည့်မယ်လို့ ပြောတယ်..” ဆိုပြီး သူမ ကြုံခဲ့ရတဲ့ အဖြစ်ကို ပြန်ပြောပြခဲ့ပါတယ်။ အဲ့လို လည်း ပြောလာရော ကျမလည်း Idol ဖြစ်ချင် တဲ့ အိမ် မက် ကို စွန့်လွှတ်လိုက်တယ်။ တကယ်လို့များ စာချုပ်မှာ လက်မှတ်ထိုးလိုက်ရင် ဒီ့ထက် ပိုဆိုးတာတွေ ဖြစ်လာ မယ်လို့ ကျမ တွေးမိလိုက်တယ်လေ..”  လို့ ပြောပြခဲ့ပါတယ်။

#CELENOW