လတ်တလောမှာရိုက်ကူးထားတဲ့ အပိုင်းတစ်ခုဖြစ်တဲ့ Running Man ရဲ့ အပိုင်းအသစ်ထဲမှာ Lee Kwang Soo ဟာ  Kim Jong Kook နဲ့အတူ ရေထဲမှာ ဆော့ရတဲ့ ဂိမ်းတစ်ခုကို ကစားခဲ့ပါတယ်။

ဒီကစားပွဲမှာတော့ နှစ်ယောက်စလုံးဟာ တီရှပ်ပါးပါးလေးတွေ ၀တ်ထားကြပြီး ပရိသတ်တွေကတော့ Lee Kwang Soo ရဲ့ တီရှပ်အဖြူရောင်ပါးပါးကနေမြင်နေရတဲ့ Abs တွေကို သတိထားမိခဲ့ကြပါတယ်။

Kwang Soo ကတော့ Running Man ရဲ့ အရင်တုန်းကအပိုင်းတွေမှာဆိုရင်တော့ သူရဲ့ ပိန်သွယ်သွယ်ခန္ဓာကိုယ်ကြောင့် အစအနောက် အမြဲခံရလေ့ရှိပါတယ်။

ပြီးခဲ့တဲ့အပိုင်းတွေမှာ ပရိသတ်တွေက Kwang Soo ရဲ့ Abs တွေကို သတိထားမိပြီးနောက်မှာတော့ Kwang Soo က ကြိုးကြိုးစားစားနဲ့ လေ့ကျင့်ခန်းတွေလုပ်နေတဲ့ ပုံပါပဲ။ အခုတော့ Running Man အဖွဲ့ဝင်တွေဟာ  ပရိုမိုးရှင်းပွဲတွေမှာ မကြာခဏဆိုသလို Kwang Sooရဲ့ Abs တွေကို ပရိသတ်ေတွရှေ့မှာထုတ်ပြပြီး စနောက်လေ့ရှိပါတယ်။

Source: Koreaboo