Astro အဖွဲ့ဝင် Cha Eun Woo ကတော့ “Gangnam  Beauty ” ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေကြားမှာ လူသိများလာပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ လက်ရှိမှာလည်း ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်သရုပ်ဆောင်/အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။

twitter.com

သူကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက Vapp မှာ သူရဲ့ Astro အဖွဲ့ဝင် Sanha နဲ့အတူ Live လွှင့်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံသွားခဲ့တာဖြစ်ပါတယ်။ Astro အဖွဲ့ဝင် Sanha ကတော့ မြန်မာနိုင်ငံကို Law of The Jungle အစီအစဉ်နဲ့ မကြာခင်မှာလာတော့မှာဖြစ်ပါတယ်။ ဒါကြောင့် Live မှာတော့ မြန်မာနိုင်ငံအကြောင်းကို ပြောခဲ့တာဖြစ်ပါတယ်။

V Live

Cha Eun Woo ကတော့ အဲဒီအချိန်မှာ မြန်မာဆိုတဲ့ စကားလုံးလေးကိုတောင် သီချင်းလုပ်ဆိုခဲ့ပြီး “မြန်မာနိုင်ငံဆိုတာ ဘယ်လိုနိုင်ငံလဲ” လို့ မေးခဲ့တာဖြစ်ပါတယ်။ Sanha ကတော့ “မြန်မာနိုင်ငံဆိုတာ အရမ်းကို ကောင်းတဲ့နိုင်ငံပဲပေါ့” လို့ ပြန်ဖြေပေးခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဘယ်လို နိုင်ငံလဲဆိုတာ Eun Wooကို ပြောပြလိုက်ပါဦး ပရိသတ်ကြီးရေ။

ဒီနေ့ vliveမှာ Eunwooနဲ့Sanhaက မြန်မာကို mentionသွားတာပါ🇲🇲😭😭မြန်မာ မြန်မာနဲ့ တတွတ်တွတ်ကို ရွတ်နေတော့တာ😭😭

Posted by Yoon Sanha 윤산하 _ ASTRO Myanmar on Tuesday, June 11, 2019

Source: Yoon Sanha Astro Myanmar