အာရှမှာတင်မက ကမ္ဘာတစ်ဝန်းလုံးအထိကိုပါ အရှိန်အဟုန်ပြင်းပြင်းနဲ့ ထိုးဖောက်လာတဲ့ Kpop ရဲ့ လွှမ်းမိုးနိုင်မှုက တကယ့်ကို အံ့သြလောက်ရအောင် လျင်မြန်လွန်းပါတယ်နော်။ ဒီလို လူကြိုက်များလာတာနဲ့အမျှ Kpop အနုပညာရှင်တွေကလည်း ပရိတ်သတ်တွေကြားမှာ အရမ်းရေပန်းစားလာသလို ဝေဖန်တိုက်ခိုက်မှုတွေများစွာလည်း ခံကြရတဲ့ သူတွေပါ။ ဒီတစ်ခါမှာတော့ တစ်ချို့ပရိတ်သတ်တွေရဲ့ ဆိုးဝါးတဲ့ ကော်မန့်တွေကြောင့် စိတ်ထိခိုက် အရှက်ရခဲ့ရတဲ့ kpop idol ငါးယောက်ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီသတင်းကို koreaboo က ဖော်ပြထားတာ ဖြစ်ပါတယ်။

Daehwi (AB6IX)

 

Not the Same Person You Used to Know ဆိုတဲ့ အစီအစဉ်မှာတော့ Daehwi ဟာ 51.5kg (113.5lbs) ရှိတဲ့ သူ့ရဲ့ ဝိတ်အလေးချိန်အမှန်ကို ဖော်ပြခဲ့တာ ဖြစ်ပြီး သူ့ရဲ့ခါးအတိုင်း 17-20 inches ကိုလည်း တိုင်းပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Daehwi အပေါ် ပရိတ်သတ်တစ်ချို့က “ရှက်စရာကြီး” “ယောကျာ်းမပီသဘူး” စသဖြင့် များစွာသော ဆိုးဝါးတဲ့ ကော်မန့်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

Lisa (BLACKPINK)

 

 

View this post on Instagram

 

A post shared by LISA (@lalalalisa_m)

BLACKPINK အဖွဲ့ဝင်တွေ 33rd Golden Disk Awards ပွဲကို တက်ရောက်ခဲ့တဲ့အချိန်တုန်းက Lisa ဟာ ပရိတ်သတ်တွေရဲ့ ဝေဖန်တိုက်ခိုက်မှုကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တစ်ချို့က Lisa ကို ကိုးရီးယား make up look ကြောင့်သာ ဆွဲဆောင်မှုရှိနေတာဖြစ်ပြီး မိတ်ကပ်မပါရင် သူမဟာ ထိုင်းအမျိုးသမီးတစ်ယောက် ပုံစံမျိုးပဲ ဆိုပြီး များစွာဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဒီကော်မန့်တွေအပေါ် Lisa ရဲ့ ပရိတ်သတ်တွေက ပြန်လည်ဆန့်ကျင်တိုက်ခိုက်ပေးခဲ့ ကြပါတယ်။

Chen (EXO)

 

 

View this post on Instagram

 

A post shared by CHEN Fanpage (@chen.exox)

EXO အဖွဲ့ဝင် Chen ရဲ့ မင်္ဂလာသတင်းနဲ့အတူ ဖခင်ဖြစ်တော့မယ်ဆိုတဲ့ သတင်းက များစွာသော ပရိတ်သတ်တွေရဲ့ အပြစ်တင်ခြင်းကို ခံခဲ့ရတာပါ။ တစ်ချို့ပရိတ်သတ်တွေက သူ့အတွက် ဝမ်းသာပေးခဲ့ကြပေမယ့် တစ်ချို့ပရိတ်သတ်တွေရဲ့ “စဉ်းစားဆင်ခြင်ဥာဏ် မရှိဘူး” “ပရိတ်သတ်တွေအပေါ် သစ္စာဖောက်တယ်” စသဖြင့် ဆိုးဝါးတဲ့ ကော်မန့်တွေကို ရရှိခဲ့ပြီး EXO အဖွဲ့နေတောင် ထုတ်ပယ်ဖို့ တောင်းဆိုခံခဲ့ရပါတယ်။ ဒါပေမယ့် SM Entertainment ကတော့ Chen ကို EXO အဖွဲ့မှာပဲ ဆက်ထားမယ့်အကြောင်း ကြေညာခဲ့ပါတယ်။

Gayoung (Former member of Stellar)

 

 

View this post on Instagram

 

A post shared by GAYOUNG (가영) (@gayoungstellar)

2011 ခုမှာ Stellar အဖွဲ့ဝင်တစ်ယောက်အဖြစ Gayoung ဟာ ပွဲဦးထွက်လာခဲ့ပြီး 2014 မှာတော့ ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေကို များစွာခံခဲ့ရပါတယ်။ Miss Back ဆိုတဲ့ အစီအစဉ်မှာတော့ Gayoung က သူမဟာ ရုပ်ရည်ပုံစံပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ပရိတ်သတ်တွေဆီက များစွာသော ဝေဖန်မုန်းတီးတဲ့ ကော်မန့်တွေကို ရရှိခဲ့တယ်လို့ ပြောပြလာခဲ့ပါတယ်။

Baby Soul (Lovelyz)

 

 

View this post on Instagram

 

A post shared by ʙᴀʙʏ sᴏᴜʟ (@babysoullvlz)

Baby Soul ဟာ သူမတစ်ခါက မြေအောက်ရထားစီးခဲ့တဲ့ အကြောင်းလေးကို ပြောပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုပြောပြပြီးနောက်မှာတော့ များစွာသော ဝေဖန်တိုက်ခိုက်မှုတွေကို ခံခဲ့ရတာပါ။ ပရိတ်သတ်တစ်ချို့က သူမကို မြေအောက်ရထားပေါ်မှာ မမှတ်မိကြဘူး၊ သူမရဲ့ ပုံစံက idol တစ်ယောက်နဲ့ မတူဘူး စသဖြင့် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

Khin